🌅#၂

3.8K 274 3
                                    

opaဟာ လက်ထက်ပီးကြောင်းကို မင်္ဂလာဆောင်သတို့သမီး၀တ်စုံနဲ့ကျောပေးရိုက်ထားတဲ့ပုံကိုသာတင်ထားတယ် ။ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်တဲ့အခါ ပိုပီး တည်ကြည်လာတဲ့သူ့ကြောင့် ကောင်မလေးတွေဟာ ပိုပီးကဲကဲလှုပ်ဖြစ်လာကျတယ်။ တခါတလေ ကျမကိုတောင် သူ့အမျိုးသမီးမှန်းမသိဖဲ လက်ဆောင်ပေးခိုင်းတဲ့အထိလေ။ ကျမ opaကို ပြန်ပေးတဲ့အခါတိုင်း စူးစမ်းသလိုကြည့်တယ်။ ပန်းစည်းကိုနမ်းပြလိုက် လက်ဆောင်ပေးတဲ့သူကို ချီးကျူးလိုက်လုပ်တဲ့အခါ ကျမစိတ်မဆိုးလို့တဲ့။

"ရား kim Jennieနင် အသည်းနှလုံးရောပါလား။နင့်အပိုင် နင့်ယောက်ျားတစ်ယောက်လုံးကို ocနေကျတာ နည်းနည်းဖြစ်ဖြစ် ငါကျေနပ်အောင် စိတ်ဆိုးပါအုန်း။

အ့ာလို အမြဲပြောတဲ့အခါ ကျမ နားမလည်ဖြစ်ရတယ်။ သူ့ကို သဘောကျလို့ လက်ဆောင်ပေးတာကို ကျမက စိတ်ဆိုးရတဲ့အထိ သဘောထားသေးရမှာလား။။

နယူးဇီလန် ကနေ မောင်းနှင်လာတဲ့ လေယာဉ်ဟာ ကိုးရီးယားမြေကို ပထမဆုံးခြေချတယ်။ ကိုရီးယားမှာ Janeဆိုတဲ့နာမည်မဟုပ်ဖဲ နာမည်ရင်း Jennie Kimကိုသာ အသုံးပြုရမယ်။ဂျန်အပြုံးတွေဟာ အခုမှပိုတောက်ပနေသလို။privateသုံးတဲ့instagramမှာ လေယာဉ်ပေါ်မှာရိုက်ခဲ့တဲ့ပုံရယ် လေဆိပ်မှာ ကားစောင့်နေတဲ့ပုံရယ်။ ကော်ဖီဆိုင်မှာ၀င်ထိုင်နေတဲ့ပုံရယ်တင်လိုက်တယ်။
ဘ၀က အခုမှ စရသလိုမျိုး လွတ်လပ်နေတယ်။

ငယ်သူငယ်ချင်းဖြစ်တဲ့sooဟာ သူ့ချစ်သူနဲ့အတူ ကော်ဖီဆိုင်လေးဖွင့်ထားတယ်တဲ့။မြောင်ဒုံမှာရှိတဲ့ တိုက်ခန်းဆီမ၀င်ခင် စိတ်အပန်းဖြေဖို့ တွေ့တဲ့ကော်ဖီဆိုင်လေး၀င်ခဲ့လိုက်တာ။ဂျန်တို့ နယူးဇီလန်မပြောင်းခင်ဒီကိုရီးယားရဲ့ မူလတန်းလောက်မှာ ဂျန်နဲ့jisooက တတွဲတွဲ ။။။နယူးဇီလန်ကိုပြောင်းသွားကြောင်း jisoo‌ကိုမပြောလိုက်ရပေမဲ့ ကျောင်းအုပ်က ပြောလို့ သိရတယ်တဲ့။ငယ်သေးတေ့ာ အဆက်သွယ်လဲမရှိတာ အခုမှတိုက်တိုက်ဆိုင်‌ဆိုင်‌ပြန်တွေ့တယ်။

"ဂျန်  အမှန်တိုင်းပြောရရင် နင်၀င်လာတေ့ာ ငါလန့်သွားတာသိလား

"ဘာလို့လဲ

"ငါတို့ဆိုင်က Lgbtတွေ အတွက် သီးသန့်ဖွင့်တဲ့ဆိုင်လေ

SugarbooUnde poveștirile trăiesc. Descoperă acum