အရှင့်ခြေရင်းက ကြာပန်းတစ်ပွင့်...
အရှင်ကပွင့်ဆိုပွင့်
အရှင်ကကြွေဆိုကြွေအဆင့်ပေမဲ့
လိုအပ်လာရင် အသက်နဲ့လဲပြီး
အရှင့်ကိုကာကွယ်ရဲတယ်...ကြာပန်းကလေးက အသွင်ပဲနူးညံ့ခဲ့တာ
အရှင့်အပေါ်ထားတဲ့
မေတ္တာတရားတွေသစ္စာတရားတွေကတော့
သံမဏိကဲ့သို့ မာကျောပြီး
ကြာပန်းကဲ့သို့ ဖြူစင်စစ်မှန်ခဲ့ပါတယ်ဤမှန်သောသစ္စာတရားကြောင့်
စုံမက်ရပါသောအရှင်
ဘေးရန်အပေါင်းကင်းဝေးလို့
ဘုန်းတန်ခိုးထွန်းတောက်ရပါစေသား...။__________________________________
"အရှင်မင်းကြီး ကြွချီလာပါတယ်"
မိန်းမစိုးတစ်ယောက်ရဲ့ အသံဝါကြီးကြောင့် ကြင်ယာတော်ကလေး လန့်သွားရှာတယ်...တကယ်က သူလန့်တာ အသံကျယ်လို့မဟုတ်ပါဘူး ကြွချီလာတဲ့ အရှင့်ကြောင့်ပါ...အရှင့်ကို ဒီရက်ပိုင်းနည်းနည်းလန့်နေတယ် နယ်စပ်အရေးအခင်းတွေကြောင့် အရှင်ရွှေစိတ်တော် မကြည်လင်ရှာဘူး
အခန်းထဲကို တစ်လှမ်းခြင်းဝင်လာတဲ့ အရှင့်မှာ နဂါးဝတ်ရုံပင် မလဲရသေး...သိပ်အလုပ်များနေသည်ထင်..
"အရှင်..."
"ရပြီ...တခြားသူတွေ အကုန်ထွက်သွား"
အစေခံတွေ ထွက်သွားတာနဲ့အပြိုင် ကြင်ယာတော်ကလေးကလည်း အရှင်မင်းကြီးရဲ့ ရင်ခွင်ထဲကို ရောက်ရှိကာသွားသည်
"ကိုယ်တော့်ကြာပန်းကလေး...ကိုယ်တော်ပင်ပန်းလာတယ်"
ချန်းယောလ်ရင်ဘတ်ပေါ် ခေါင်းလှမ်းတင်ပြီး ပြောလာတဲ့ အသံလေးလေးကိုကြားရမှ ဝမ်းသာသွားသယောင်...အရှင်အမျက်ထွက်မနေဘူး အရှင်အမျက်ထွက်နေရင် ချန်းကြောက်ပါတယ်...
"ရေနွေးနွေးလေးစပ်ပေးမှာမလို့ လန်းသွားအောင် ချိုးတော်ရေသုံးဆောင်လိုက်ပါ အရှင်..."
"ကြာပန်းကလေး ချိုးပေးမှာလား"
သိပ်နိုင်စားလွန်းတဲ့ အရှင်ရယ်လို့ ညည်းညူလိုက်ချင်ပင်မဲ့ ကြာပန်းကလေးဆိုတဲ့ နာမ်စားလေးနဲ့တင် အရာအားလုံးကို လိုက်လျောပေးဖို့အသင့်...
အရှင်စေလိုရာသာစေပါအရှင်...
![](https://img.wattpad.com/cover/279779629-288-k840197.jpg)
YOU ARE READING
ကြာပန်း ဒဏ္ဏာရီ
Fanfictionကြာပန်းတစ်ပွင့်က ချစ်ရတဲ့သူအတွက် ဘယ်အတိုင်းအတာအထိ သန်မာပေးမယ်လို့ ထင်ပါသလဲ...