Healing Love (22)

Start from the beginning
                                    

ဟုတ်တယ်... ကျွန်တော့်အတွေးတွေထဲမှာ အစ်ကို အဆင်ပြေပါ့မလား၊ ဘယ်အရာလေးက အစ်ကို့အတွက် သင့်တော်မလဲ ၊ ဘာကများ အစ်ကို့ကို နည်းနည်းလေး ပိုကောင်းလာစေသလဲပဲ တွေးတယ်။ အစ်ကို့ရဲ့ လိုအပ်ချက်တွေ မကောင်းတဲ့အချက်တွေကိုတော့ အစ်ကို မသိလိုက်ခင်မှာပဲ ကျွန်တော် ပြုပြင်ဖြည့်စည်းပေးချင်တယ်၊ ဘယ်တော့မှ အပြစ်လို့ မယူဆ မတွက်ချက်ချင်။

" ဟော.... ငယ်ငယ်တောင် ရောက်လာပြီလား "

" ဟုတ် "

အခန်းထဲ အပင်အိုးလေး ပိုက်ပြီး ဝယ်လာတဲ့ ကျွန်တော့်ကို အစ်ကိုက သူ့စားပွဲမှာ ထိုင်နေလျှက် လှမ်းကြည့်၏။ ထို့နောက် လက်နှစ်ဖက်ဆန့်ကာ ရင်ခွင်ထဲ ခဏထည့်ထားသည်။ ဒါက ကျွန်တော်တို့ နှစ်ယောက်ရဲ့ နှုတ်ဆက်နည်းလည်း ဖြစ်၏။

" ဒီအပင်က ..."

" အစ်ကို့ ဧည့်ခန်းထဲမှာ ထားဖို့ "

" ဘာလုပ်မှာလဲ ... ရှုပ်ရှုပ်ယှက်ယှက်နဲ့ "

" မရှုပ်ပါဘူး အစ်ကိုကလည်း ... အစ်ကို့ ကျန်းမာရေးအတွက် ကောင်းလို့ကို "

" သဘော သဘော "

Chanyeol က အပင်တွေ သိပ်သဘောမကျတတ်ဘူး။ သေချာပြုစုပျိုးထောင်နိုင်ရင်တော့ ဘယ်သူမဆို ကြိုက်တာပေါ့။ အခုက ကိုယ်မှ အချိန်မပေးနိုင်ဘဲ။ ပြောရင်လည်း ကောင်လေး စိတ်မကောင်းဖြစ်သွားမှာ စိုးတာကတစ်ကြောင်း , သူ့ မရီးဖြစ်သူ ရှိနေတာက တစ်ကြောင်းကြောင့် လျှောချလိုက်ရ၏။

ညစာ အပြင်မှာ ဝင်စားပြီး အိမ်ပြန်လာတော့လည်း သူ ရေဝင်ချိုးတဲ့ အချိန်အထိတောင် ကောင်လေးက မအား။ အပင်ထားဖို့ နေရာရွေးနေ၏။
ကိုယ် ရေချိုးပြီး ပြန်ထွက်လာတော့မှ သူလည်း နေရာရှာတွေ့သွားပြီထင်ပါတယ်။ ရေခဲသေတ္တာထဲက ရေဘူးကို ရေဖြည့်ပေးနေ၏။

" ဘာလို့ ထိုင်ခုံ ဘေးမှာလဲ .... အခန်းထောင့်နားလောက်မှာ ထားသင့်တာ မဟုတ်ဘူးလား ကောင်လေး "

စားပွဲဘေးနားလည်း မဟုတ် ဆိုဖာထိုင်ခုံရဲ့ ဘေးမှာ ခုံပုလေးနဲ့ ထား ထားတာမို့ ပြောမိခြင်း။

" ထိုင်ခုံဘေးနေရာက မနက်ဆို နေရောင်အရဆုံးပဲ အစ်ကိုရဲ့  ... ထောင့်ဆို နေရောင်မရဘူး "

Healing LoveWhere stories live. Discover now