"အင်း အေးအေးဆေးဆေးရှာ"

"မနက်က အတန်းကြီးက အစ်ကိုကြီးတွေက ပြောသွားတယ်။ EC ရောက်ရင် ဌာနထဲကို လွှတ်လိုက်ပါတဲ့။ မင်းသွားလိုက်ဦး ထူးခြား"

"အင်း ငါ သွားလိုက်မယ်။ မင်းတို့ ငါ့ကို ဦးတီးကန်တင်းမှာ စောင့်နေပေးနော်"

"အင်း သွားတော့"

ထူးခြားက ဌာနထဲကို သွားသည်မို့ သာထူးနဲ့လင်းရာက ဦးတီးကန်တင်ကို သွားဖို့ပြင်လိုက်သည်။

"လင်းရာ ငါ့ကို ဒီနားမှာ ခဏစောင့်ပေး။ ရှူးသွားပေါက်ဦးမယ်"

"အင်း"

အိမ်သာသွားသည့် သာထူးကို လှေကားမှာ ထိုင်စောင့်ဖို့ တွေးလိုက်မိသည်။

ဟိုးးးအဝေးကြီးထဲက ဘေဘီတို့ သုံးယောက် အသံကို ကြားနေရသည်မို့ ထောင့်ချိုး အကွယ်လေးမှာ ရပ်ပြီး စောင့်နေလိုက်သည်။ ကံကောင်းချင်တော့ လှေကားကို ရောက်လာသည်က ဘေဘီတစ်ယောက်ထဲ။

ထောင့်ချိုးလေးကနေ ‌ဖြတ်လျှောက်သွားတဲ့ ဘေဘီ့ကို ရုတ်တရက် လှမ်းဆွဲလိုက်တော့ ကလေးငယ်က ကြောက်လန့်တကြား အော်လေသည်။

"အမေကြီးရေ"

"အမေကြီး မဟုတ်ဘူး လူကြီး"

"ဟင် လူကြီး"

"အင်း"

"လန့်လိုက်တာဗျာ"

"လွမ်းလိုက်တာကွာ။ မနက် အစောကြီးထဲက ဘေဘီ့ကိုတွေ့ဖို့ ကျောင်းမှာလာစောင့်နေတာ"

"ဟုတ်တယ် ဒီကိုထွက်လာခါနီးမှ ကားဘီးပေါက်သွားလို့ ပြင်နေတာနဲ့ နည်းနည်းနောက်ကျသွားတာ"

"လာပါဦး ကိုယ့်ကလေးလေးကို အာဝါးပေးချင်လို့"

မျက်နှာလေးကို လက်လေးနှစ်ဖက်နဲ့ ဆွဲယူပြီး ပါးလေးနှစ်ဖက်ကို အနမ်း‌မိုးတွေ ရွာချလိုက်သည်။ နဖူးလေးနဲ့ မျက်လုံးလေးတွေကို အနမ်းပေးတော့ မျက်လုံးလေးမှိတ်ကာ ငြိမ်နေပေးရှာသည်။ နှာခေါင်းလေးကို အနမ်းပေးပြီး ဖွဖွလေး ကိုက်လိုက်တော့ တည်ငြိမ်နေသည့် ရုပ်လေးက ဆူပုတ်ပုတ် မျက်နှာထားလေးအသွင်ကို ရုတ်ချည်းပြောင်းလဲသွားသည်။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now