Chapter 1

8.8K 661 10
                                    

Unicode

Ch-1 ယွင်မိသားစုကွပ်မျက်ခံရခြင်း

တုံ့ယန်ပြည်နယ်,နန်းမြို့တော်

အကျဥ်းသားဝတ်စုံဝတ်ဆင်ထားတဲ့ယွင်လင်းရွှမ်ဟာ သူ့အောက်ကရှုပ်ရှက်ခက်နေတဲ့ လူအုပ်ကြီးကို အေးစက်စွာကြည့်နေရင်း
လူအုပ်ထဲကရွှေရောင်ကွန့်မြူးနေတဲ့ဝတ်စုံတွေက်ိုဝတ်ဆင်ထားတဲ့ ယောကျ်ားတစ်ယောက်နှင့်မိန်းမတစ်​ယောက်
ကိုစိုက်ကြည့်နေသည်။ ထိုနှစ်ယောက်ရဲ့အကြည့်တွေက စိတ်သက်သာရာရနေတဲ့ပုံနဲ့စိတ်လှုပ်ရှားနေပြီး သူတို့ရှေ့ကလူချက်ချင်းသေသွားဖို့ကို မျှော်လင့်စောင့်စားနေသည့် စိတ်အားထက်သန်မှုတွေကို မျက်နှာပေါ်မှာအတိုင်းသာမြင်နေရသည်။

သူတို့သေသွားတာနဲ့ ယွင်မိသားစုကဟာတွေ
အားလုံးသူတို့ပိုင်ဆိုင်ရတော့မယ်။

" မမ... နင်အခုစိတ်ကျေနပ်သွားပြီလား ''
ကွပ်မျက်စင်ပေါ်ရောက်နေတာတောင်မှ လုံးဝခေါင်းမငုံ့ဘဲ ကျောကိုမတ်မတ်ဖြောင့်ထားသည့်သူ့အမဖြစ်သူကို ယွင်လင်ယန်
ကြည့်လိုက်တယ်။ သူ့ကိုမုန်းသင့်လား ဒါမှမဟုတ် အပြစ်တင်ရမလားဆိုတာ သူအရမ်းဝေခွဲရခက်နေတယ်။

'' ယန်အာ... တော်လောက်ပြီ။ ဒီအချိန်တောင်ရောက်မှတော့ အဲ့တာတွေဘာလို့ပြောနေဦးမှာလဲ။ အချိန်နှောင်းသွားပြီ! '' ယွင်လင်ယန်၏ဘေးမှာ အကျဥ်းသားဝတ်စုံဝတ်ဆင်ထားသည့် အသက်ကြီးကြီးအမျိုးသမီးကြီးက လင်းရွှမ်ကိုစိတ်ပျက်စွာကြည့်ရင်း ဖြေးညင်းစွာပြောလာတယ်။ '' အစတည်းက အဖွားပြောသားပဲ။ မင်းသားလေးက ရည်မှန်းချက်ကြီးပြီး ယွင်မိသားစုအပေါ်ကို မရိုးသားပါဘူးလို့။ အခုတော့..ယွင်မိသားစု
ဖျက်ဆီးခံလိုက်ရပြီ။ ယွင်မိသားစုရဲ့စည်းစိမ်တွေကလဲ သူတို့လက်ထဲပါကုန်တော့မယ်... ဒါကိုအော့နှလုံးအနာဆုံးပဲ! ''

ယွင်မိသားစုဖျက်ဆီးခံလိုက်ရတဲ့အပြင်
သူတို့ရဲ့ချွေးသွေးတွေနဲ့စုဆောင်းထားတဲ့
ငွေတွေက အဲ့လူနှစ်ယောက်ပိုင်တဲ့
မင်းဆက်အတွက်လဲအသုံးချခံရဦးမယ်။
ဒီအချက်ကိုသူမတကယ်မုန်းတီးမိတယ်။

ယွင်လင်းရွှမ် လူအုပ်ထဲက ဟိတ်ဟန်ကြီးပြီးသားနားတဲ့အသွင်အပြင်ရှိသည့်လူနှစ်ယောက်ကိုအေးစက်စွာလှမ်းကြည့်လိုက်
သည်။ ပြည်သူတွေကတော့သိချင်မှသိလိမ့်မယ်။ ဒါပေမဲ့ သူမကတော့အဲ့နှစ်ယောက်ပြာဖြစ်သွားရင်တောင်မှ မှတ်မိနိုင်သေးတယ်။

The Ultimate Business Lady [Myanmar Translation ]Où les histoires vivent. Découvrez maintenant