Part - 24

3.7K 190 34
                                    

[Zawgyi Version]

အဒေါ်ကြီးကစားပွဲပေါ်ကိုထမင်းကြော်ပန်းကန်
နှင့်အသင့်ဖျော်ထားသောCoffeeနှစ်ခွက်စီ
လာချပေးလိုက်တော့မှတွေးလက်စအကြောင်း
အရာတွေလွင့်ပျယ်သွားကာသွေးစက်ကိုဆက်
မကြည့်တော့ပဲထမင်းကြော်တစ်ဇွန်းကိုစစား
လိုက်သည်

ဟင်..ဒီအရသာကအဒေါ်ကြီးချက်ထားတဲ့
လက်ရာမဟုတ်​ဘူးသွေးစက်အရင်ကလုပ်
ကျွေးဖူးတဲ့အရသာနဲ့ဘာလို့တူနေရတာလဲ
မဟုတ်မှလွဲရောမနက်အစောကြီးထပီး
ဒါတွေအကုန်လုံးသွေးစက်တစ်ယောက်ထဲ
ပြင်ဆင်လိုက်တာများလားထပ်ပီးမြည်းစမ်း
ကြည့်ဖို့မလိုလောက်အောင်သေချာနေပါပီ
အဲ့ဒီတုန်းထဲကစားဖူးခဲ့သောအရသာနှင့်
အခုအရသာကထပ်တူကျနေခဲ့သည်


ကျစ်..မပေါ့မပါးကြီးနဲ့အခုလိုတွေလုပ်နေ
ရင်မမြင်ကွယ်တဲ့နေရာမှာကိုယ်ဘယ်လို
လုပ်ပီးသွေးစက်ကိုစိတ်ချထားနိုင်ပါ့မလဲ
နောက်ဆုံးအနေနဲ့စားစေချင်လို့လုပ်တာ
မှန်းသိပေမဲ့တစ်ခုခုဖြစ်သွားရင်ကိုယ်
ရင်ကျိုးရမှာကျေးဇူးပြုပီးအနားမှာရှိ
မနေပေးနိုင်တဲ့အချိန်တွေမှာဒီလိုတွေ
ဆက်မလုပ်ပါနဲ့တော့ကွာ

"ထမင်းကြော်ထပ်ယူလို့ရသေးလား"

"သားမာန်ကကြိုက်တယ်နဲ့တူတယ်"
"အဒေါ်ကြီးထပ်ထည့်ပေးမယ်နော်"

"ဟုတ်ကဲ့"

အကိုကပြင်ဆင်ထားတဲ့ထမင်းကြော်ကို
ငြင်းဆိုခြင်းမပြုပဲစားပေးရုံသာမက
အများကြီးပါထပ်စားလို့ရင်ထဲမှာပျော်ရွှင်
မှုလေးဖြစ်ပေါ်လာသည်ဒါကလဲသူဖြစ်
ချင်ခဲ့သောအရာတွေထဲကတစ်ခုပင်
သို့သော်အဲ့အပျော်လေးကခနလေးအ
တွင်းမှာပြန်ပျောက်ကွယ်သွားလေသည်

တီ..........!!!

တကယ်ကိုပျော်ရွှင်မှုကခနလေးပါလား
ကြည့်ရတာမအိမ့်ရောက်လာပီထင်တယ်
အကိုကစားလက်စထမင်းကြော်ကိုဆက်
မစားတော့ပဲအိမ်အပြင်သို့ထွက်သွားသည်






မင်းရောက်လာတာအစောကြီးပါလား!

"ဟွန့်..ကိုမာန်စကားကလဲတစ်မျိုးကြီး"
"အိမ့်လာနေမှာကိုမကြိုက်ဘူးနဲ့တူတယ်"

UNTAINTED LOVE [COMPLETED]Where stories live. Discover now