မင်းထက်လဲ ကိုသက်နောင်ဘေးကခုံမှာဝင်ထိုင်ပြီး Dance floorထဲကိုအကြည့်ပို့ထားပြီးမျက်စိအစာကျွေးနေလိုက်သည်။ လူစုံမှပဲ VVIP အခန်းထဲသွားပြီးပျော်တော့မည်လေ....

"ဟာ..ငါ့ညီတွေ Missionအကြီးကြီးတစ်ခုပြီးသွားလို့ အောင်ပွဲလာခံတာလား.....

"Guys " Barရဲ့ပိုင်ရှင် ၊Logoရဲ့မန်နေဂျာ ကိုကြီးအောင်ကအသက်၃၅နှစ်အရွယ် လူကြီးလူကောင်းပီသစွာ Suit ခဲရောင်ကိုဝတ်ထားသည်။ အတိုက်အခိုက်ကျွမ်းကျင်ပြီး ခန္ဓာကိုယ်ကို ထိန်းသိမ်းတတ်တဲ့လူမျိုးဆိုတော့အရပ်ရှည်ရှည်ထောင်ကောင်းကောင်းနဲ့ ချောမောခန့်ညားတဲ့အမျိုးသားတစ်ယောက်ဖြစ်သည်။ဘောင်းဘီအိတ်ထဲလက်ထည့်ရင်း မင်းထက်တို့ထိုင်နေတဲ့စားပွဲဆီကိုတည်ငြိမ်တဲ့ခြေလှမ်းတွေနဲ့လှမ်းလာသည်။

"ဟုတ်တယ် ကိုကြီးအောင်ရေ.....ဂုဏ်ပြုတဲ့အနေနဲ့Specialလေးတွေတော့Promotionပေးသင့်တယ်နော"

"ဟားဟားပေးရမှာပေါ့ ဒီညီလေးတွေက ဒီဆိုင်ရဲ့လာဘ်ကောင်လေးတွေကို Specialတွေပေးမယ် သောက်စရာကော ကစားစရာကော ဟုတ်ပြီလား၊ အသစ်တွေရောက်နေတယ်ကွ ၊မင်းတို့အတွက်က Blow Jobကျွမ်းရင်ရတယ်မလား"

"နှစ်ယောက်ပဲပေးတော့ကိုကြီးရေ.....ကျွန်တော်တစ်ယောက်ပဲFAကျန်တော့တာဗျ၊ ညီစေကလဲနှလုံးသားပိုင်ရှင်ကိုတွေ့နေပြီ ဟိုကအဆက်အသွယ်ဖြတ်သွားတာတစ်ခုပဲ..."

မင်းထက်က အစားတစ်လိုင်းပီသစွာ လူအရေအတွက်နဲ့တောင်းနေသည်။ မင်းထက်ရဲ့အစားတစ်လိုင်းဆိုတာက အစားအစာ စားတာမဟုတ်ပဲ ကောင်လေးတွေကိုစားတဲ့စားဘဲဖြစ်သည်။

"ဒါဆို ငါတို့မင်းသားKristကကော .."

"ခင်ဗျားတို့ရဲ့မင်းသားကြီးKristက တစ်သက်စာ အရုပ်ရသွားပြီဗျ.....တစ်ချိန်လုံး ပြစ်မှားနေခဲ့ရတဲ့ ကျွန်တော်ရဲ့အရုပ်ကလေးမာန်နဲ့ ချစ်သူတြွေဖစ်နေပြီလေ....ကျွန်တော့်အတွက်သူများတွေကို ကစားစရာမလိုတော့ဘူးဗျ...."

Kristက ဂုဏ်ယူဝင့်ကြွားနေတဲ့ရုပ်နဲ့အပြုံးကြီးကြီးတွေကိုဆင်မြန်းရင်း သူ့အပိုင်မာန်ပြည့်ကိုတစ်စိမ့်စိမ့်ကြည့်ရင်းဖြေလာသည်။

Commando🍁(Complete)Where stories live. Discover now