လက်အောက်ငယ်သား တပည့်နှစ်ယောက် ထွက်လာပြီး ထိုလူကို ဆွဲခေါ်သွားတယ်။ မြေကြီးပေါ်မှာတော့ ရေကွက်ထင်းထင်းကြီး ကျန်ခဲ့လေရဲ့။

" ကျွတ်..ကျွတ်..ကျွတ်.. စိတ်ပျက်စရာပဲကွာ။ လိပ်ပြာလွင့်မတတ်ကြောက်သွားတယ်ထင်တယ်။ ဘောင်းဘီထဲတောင် သေးထွက်ကျရတယ်လို့။ "

ဟန်ကျားက ရွံသလိုဟန်နဲ့ နှာခေါင်းကို ပိတ်လိုက်ကာ ရှုပ်ပွနေတာတွေ ရှင်းလင်းဖို့ လူခေါ်လိုက်ပြီး ရှောင်းလီနဲ့အတူ အခန်းထဲက ထွက်သွားတယ်။

" လော်တုန်းက ပြဿနာကောင်ဆိုပေမယ့် ကြီးကြီးမားမားတော့ မဟုတ်ဘူး။ ပုဂ္ဂိုလ်ရေး မကျေပွဲနွှဲချင်လို့များလား။ "

ရှောင်းလီ သူ့ကို တစ်ချက်ကြည့်လိုက်ကာ

" သူက မင်းနောက်လိုက်နေတာ။ သတိထားနေ။ "

" ဒါဆိုလည်း ငါ့ကို ပြဿနာရှာနိုင်သေးလို့နေမှာပေါ့ကွာ။ "

ဟန်ကျားက အဖတ်လုပ်စရာမလိုသလိုမျိုး အထင်သေးဟန်ပြောတယ်။ ထို့နောက် ပြုံးလိုက်ရင်း

" အေးပါ။ အေးပါ။ အဲ့နှာဘူးအိုကြီးအကြောင်း မပြောနဲ့တော့။ ဒါနဲ့ ပြောစပ်းပါဦး...မနေ့က မင်းတို့ဘယ်လို ဆော့ခဲ့ကြလဲ။ အဲ့ အလှလေးက တော်တော်မှ စားလို့ကောင်းရဲ့လား။ "

" ငါသူ့ကို အိမ်ပြန်ပို့လိုက်တယ်။ "

ရှောင်းလီ ခပ်ပြတ်ပြတ်ပဲပြောလိုက်တယ်။

" တကယ်လား။ အလှလေးရဲ့ကယ်တင်ရှင် သူရဲကောင်းလဲ့ဖုန်း*လေးပါလား။ "

ရှောင်းလီရဲ့ ပုခုံးကို သူ့ပုခုံးနဲ့ တိုက်တိုက်ပြီးလှောင်ပြောင်နေတယ်။

" ရှောင်းလီ.. မင်းတော့ အခွင့်ထူးကို လက်လွတ်သွားတယ်လို့ ငါပြောချင်တယ်။ ဒီလိုလှည့်ကွက်မျိုးနဲ့ လှတပတ ကောင်ငယ်လေးရဲ့ နှလုံးသားကို ရလိမ့်မယ်မထင်နဲ့။ သူ့ရဲ့ ဟို ဆရာဆိုတာကြီးကိုလည်း သတိထားဦး။ သူကလည်း ဒီပုတ်ထဲက ဒီပဲပဲ။ သူ့တပည့်ကို သူမျက်စိကျနေတာ ကြာပြီ......"

" ငါနဲ့ မဆိုင်ဘူး။ "

ရှောင်းလီ ကြားဖြတ်ပြောလိုက်တယ်။

Lawless Gangster (Myanmar Translation)Where stories live. Discover now