"အင်း လူကြီးက ငါမလိုက်ပါဘူးဆိုတာကို  အဆောင်ကို အတင်းလာခေါ်လို့"

"ကိုကြီးက ဘာလို့ လင်းရာကို ခေါ်လာတာလဲ"

"ထမင်းစားရမှာ တစ်ယောက်ထဲ ဖြစ်နေလို့ပါကွာ"

"ဪ . . . အင်းပါ။ ဒါနဲ့ ကျွန်တော်တို့ ခုံမှာပဲ ဝင်ထိုင်လိုက်လေ။ ခုံလွတ်မရှိတော့ဘူး။ ကျွန်တော်နဲ့ ဇေယျာက ခုပဲ ပြန်တော့မှာ"

"အင်း အဲ့ဒါဆို ထိုင်မယ်နော်"

"ဟုတ်"

သာထူးတို့ခုံမှာ ဝင်ထိုင်ပြီး သိပ်မကြာခင်မှာဘဲ သာထူးနဲ့ ဇေယျာက စားသောက်ပြီးလို့ ပြန်သွားကြလေသည်။

"သာထူးအလစ်ခိုးထွက်ပါတယ်ဆိုမှ သာထူးနဲ့ တည့်တည့်တိုးရတယ်လို့"

"ဘေဘီက တအားကြောက်နေလို့ပါ။ သာထူးကဖြင့် သိတောင် မသိဘူး"

"သိသွားမှာ ဆိုးလို့ပါဗျာ"

"ဟုတ်ပါပြီဗျာ။ ဘေဘီက ဘာနဲ့စားမှာလဲ"

"အမဲနှပ်နဲ့ စားမှာ"

"အင်း"

ဘေဘီ့အတွက် အမဲနှပ်နဲ့ မှာပေးပြီး စစ်ပိုင်အတွက် ငါးကြော်နပ်တစ်ပွဲ မှာလိုက်ရသည်။

ဟင်းပွဲတွေလာချတော့ ဘေဘီ့က သူ့ဟင်းပန်းကန်ထဲက အမဲနှပ်လေးတစ်တုံးကို ဆယ်ယူပြီး စစ်ပိုင်ကို ဦးဦးဖျားဖျား ဦးချလေသည်။

စစ်ပိုင်လည်း ငါးကြော်တစ်တုံး ပြန်ထည့်ပေးလိုက်တော့ ဘေဘီက ပြုံးပြီးကြည့်လေသည်။

"ဘေဘီ ဘာပြုံးတာလဲ"

"လူကြီးက အဲ့ဟင်းတစ်တုံးထဲနဲ့ လောက်လို့လား"

"‌အင်း လောက်ပါတယ် ဘာလို့"

"စကေးတွေထဲက ခွဲပေးတယ်ဆိုတော့ အံ့ဩရလို့ပါဗျာ"

"ကိုယ်အဲ့လောက် ကလေးမဆန်ပါဘူး ဘေဘီရာ"

အစားစားတိုင်း လင်းရာနဲ့စစ်ပိုင် ပြောကြသည့်စကားတော်တော်များများက ဝေစုအတွက်ပင်ဖြစ်သည်။ တစ်ဝက်ခွဲကျွေး ပြန်လျှင်လည်း ထူးဆန်းတယ်ဆိုပြီး ပြောတတ်သလို ညီတူညီမျှ ဝေခွဲလျှင်လည်း တွယ်ကပ်ပြန်ပြီလို့ ပြောတတ်တဲ့ မောင်လင်းရာလေးပါ။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now