အပိုင်း (၂၄)

Start from the beginning
                                    

" မင်းကိုငါမချစ်ဘူး Jungkook !"

နှုတ်ဖျားမှထိုကဲ့သို့ရေရွတ်ရင်း အလိုမကျစွာဖြင့်သောက်လက်စရေခွက်ကိုစားပွဲပေါ်သို့စောင့်ချလိုက်၏။ဘာအပြစ်မှမရှိသည့် ရေခွက်လေးကစားပွဲပေါ်မှာ ဒုန်းခနဲမြည်သွားခဲ့၏။

လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က သူငယ်ချင်းဖြစ်သူJimin၏မဂ်လာဆောင်သို့တိတ်တဆိတ်သွားခဲ့၏။မထင်မှတ်ပါပဲဆုံတွေ့ခဲ့သည့်ကောင်လေးကတော့ချို့ယွင်းချက်ပါလေ။မျက်ကွယ်ပြုပြီးထွက်လာခဲ့ပေမဲ့ ထိုကောင်လေး၏ပြိုလဲနေသည့်ပုံစဟာသူ့၏ရင်အစုံကိုနာကြင်စေပြန်သည်။

" ငါမင်းနဲ့ထပ်မဆုံချင်တော့ဘူး Jungkook "

ထိုကဲ့သို့ရေရွတ်ခဲ့သည့်မှာလည်းအခါခါပါ။
နှုတ်ခမ်းပါးတို့ကငြင်းဆန်နေပေမဲ့ ရင်အစုံကလိုလိုလားလားတောင့်တနေတာကိုမည်သူမျှမသိပါလေ။ကိုယ်တိုင်တောင်မသိချင်ယောင်ဆောင်နေခဲ့သည့်မဟုတ်လား။အဆုံးမှာတော့ မပြောဖြစ်ခဲ့တဲ့စကားလုံးတွေနဲ့ မသိစေချင်ခဲ့တဲ့စကားလုံးတွေဟာ "ချစ်တယ်" တာပါပဲ။

မာနနဲ့ဖုံးကွယ်ထားခဲ့လည်း ... အဖြေဟာ သိပ်ချစ်နေမိတယ်ဆိုပါပဲ။

မုန်းတဲ့အကြောင်းတွေအပ်ကြောင်းထပ်နေအောင်ပြော‌ဆိုနေခဲ့လည်း ... အဖြေဟာ သိပ်ချစ်နေမိတယ်ဆိုပါပဲ။

သူ့အချစ်တွေကိုလျစ်လျူရှုပြီး ငြင်းဆန်နေခဲ့လည်း ... အဖြေဟာ သိပ်ချစ်နေမိတယ်ဆိုပါပဲ။

သိပ်ကိုမုန်းတီးလွန်းလို့ နာကြင်ခံစားရပါစေဆိုပြီးကျိန်စာတိုက်ခဲ့တာ တကယ့်တကယ်ကျိန်စာမိသွားတဲ့သူကဒီလူသားကိုယ်တိုင်ပါပဲ။လွမ်းဆွတ်ခြင်းကျိန်စာတွေနယ်ကျွံလာတဲ့အခါ မဆီမဆိုင်စွာနဲ့အဲ့ဒီကောင်လေးကိုအပြစ်တင်မိပြန်တယ်။

"ချစ်တယ်"လို၀န်ခံဖို့အတွက် ဘာအကြောင်းနဲ့များမာနတွေထားပြီးဖုံးကွယ်နေသလဲမေးခဲ့လျှင် ထိုလူသားသူပိုင်ဆိုင်ခဲ့ဖူးသည့်မိန်းမသားတယောက်ထဲကိုပဲ သက်ဆုံးတိုင်ချစ်သွားမည်ဟု ဟစ်ကြွေးခဲ့သည့်အတွက်ကြောင့်ပင်။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now