❤ My Little Ko Ko❤ Part 24

Start from the beginning
                                    

" ကိုကို ကိစ္စတဲ့လား... ဟင်း.... ဘာကိစ္စလဲ "

" မင်းနဲ့ ကိုခန့်နဲ့ ကြားလွဲနေတဲ့ နားလည်မှုတွေ ပြီးတော့ အမှန်တရားတွေ "

ရှင်းသန့်လဲ ကိုကိုတောင် မရှင်းပြသွားတဲ့ အမှန်တရားကို လာပြောနေတာမို့ တစ်ချက်အော်ရီလိုက်ကာ

" အမှန်တရာတဲ့လား....ခုချိန်မှသိတော့ရော ငါကဘာလုပ်ရမှာလဲကွာ ကိုကိုမှမရှိတော့တာ ငါမသိချင်တော့ပါဘူး "

ဆိုကာ အပေါ်တက်ခဲ့သည်။ သုံးလေးထစ်ပဲရှိသေးတယ် ခွန်းရဲ့စကားကြောင့် လူမှာ ကြက်သေသေသွားခဲ့ရသည်။

" ကိုခန့်က မသေ သေးဘူး အေးလေ မင်းမတွေ့ခြင်ဘူးဆိုရင်လဲ ပြီးတာပဲ မင်းခုသွားမတွေ့ရင် ဘယ်တော့မှတွေ့ရတော့မှာ မဟုတ်ဘူး ဒါပဲ "

ဆိုကာပြန်ရန်ပြင်နေသည်။

ကိုကို....ကိုကို မသေ သေးဘူးတဲ့လား..... ရှင်းသန့်လဲ လှေကားကနေ ပြန်ပြေးဆင်းကာ ခွန်းကိုဆွဲပြီး

" ကိုကို...ကိုကို....ခုဘယ်မှာလဲဟင်...ခွန်း...ငါ့...ငါ့ကိုပြောစမ်းပါ "

" မသိခြင်ဘူးမလား မပြောဘူး "

တစ်ယောက်လဲအတင်း တစ်ယောက်ကလဲ ဘူးချည်သာ ငြင်းနေတာနဲ့ အာကာမှ

" ခွေးသတောင်းစား မင်းပဲ ငရှင်းကို ရှင်းပြမို့ ငါတို့ကိုခေါ်လာတာ မဟုတ်ဘူးလား ဟမ် "

ထိုခါမှ ပြန်ထိုင်ပြီး

" မူလို့တောင်မရတဲ့ ငါ့သားတွေပဲ "

အဲ့နောက်တော့ ခွန်းမှ ကိုခန့်ရဲ့ ရှင်းသန့်နဲ့မတွေ့ခင် ဖြစ်ပျက်ခဲ့တဲ့အရာတွေရော hotelက ကိစ္စရော အားလုံးကို ရှင်းပြလေတော့သည်။

ရှင်းသန့်မှာ အရမ်းတွေစိတ်တိုကာ

" ဘယ်မှာလဲ အဲ့ခွေးသူတောင်းစား.... ငါသွားသတ်မယ်"

ဆိုကာ ဝုန်းခနဲထရပ်လေသည်။ အာကာတို့မှာလဲ လန့်သွားကာ ခွန်းမှ

" အမလေး ငလမသားရယ် ဖြည်းဖြည်း လုပ်ပါ မင်းကြောင့် ငါသေတော့မှာပဲ "

ရှင်းသန့်ရဲ့ အလန့်တကြားကြောင့် အားလုံးဝိုင်းဆဲလေသည်။

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now