🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု

Zacznij od początku
                                    

မိုးပင်လယ်ကမျက်လွှာချပြီးလေသံပျော့ပျော့နဲ့တောင်းပန်တော့လဲ အားနာရတာကသူပဲ။အပြစ်လုပ်တာတော့လဲဟုတ်ပေမဲ့လဲ သူ့အတွက်တွေးပြီးလုပ်ထားပါတယ်ဆိုတဲ့လူကို သူထပ်ပြီးဖိအားပေးမနေချင်တော့ဘူး။ဒါကြောင့်ပဲမိုးပင်လယ်ရဲ့စကားမဆုံးခင်မှာပဲ သူစကားဖြတ်ပြီးပြောလိုက်တယ်။

"အဟမ်း!ရပြီ..ရပြီ ကျွန်တော်လဲရုတ်တရက်ဆိုတော့ စိုးရိမ်သွားလို့..ဆာဂျင် မဝင်နိုင်တဲ့နေ့မှာ ပြဿနာတက်ရင် ဖြေရှင်းရခက်မှာတွေတွေးမိပြီး စိတ်လောသွားတယ်"

နွေဦးဆီက ပုံမှန်အသံပြန်ထွက်လာမှ မိုးပင်လယ်ရဲ့ မျက်နှာကပြန်ပြုံးသွားပြီးခေါင်းညိတ်တယ်။နွေဦး ခွဲစိတ်စာရင်းကိုသေသေချာချာထပ်ကြည့်တော့ အသေးစားခွဲစိတ်မှုတွေချည်းဆိုပေမဲ့ စာရင်းအရကတော့တစ်နေကုန်မယ့်ပုံပေါ်နေတယ်။

"ဒါပေမဲ့ ကိုမိုးပင်လယ်...ဒီနေ့ကအသေးစားခွဲစိတ်မှုတွေဆိုပေမဲ့ ဆရာတို့နိုင်ပါ့မလား"

နွေဦးမေးခွန်းအဆုံးမှာတော့ ကိုကျော်ဇင်ထွဋ်က ကန့်လန့်ကာကိုဆွဲဖွင့်ပြီး ဆံပင်ပွပွနဲ့ထွက်လာတယ်။မျက်လုံးနီစပ်စပ်နဲ့ဆံပင်စတိုင်လ်ကိုကြည့်ရသလောက် နိုက်ဂျုတီမှာ ပွဲကြီးပွဲကောင်းတွေ့ခဲ့သလိုပါပဲ။ကိုကျော်ဇင်ထွဋ်ကကန့်လန့်ကာကိုဖယ်ကာရေတစ်ခွက်ကိုမော့သောက်ပြီး...

"နိုင်ပါတယ် ဆာဂျင်ရယ်...ဆာဂျစ်ကယ် ဝါ့ဒ်ရဲ့ဒီနေ့နဲ့ မနက်ဖြန်ကိုဟောဒီက ကိုပင်လယ်လေးဆီသာအပ်ထားလိုက်...ကျွန်တော်ကတော့ အင်း..ကျွန်တော်မသေသေးရင်တော့တတ်နိုင်သမျှသီရေတာထဲဝင်ပေးသွားမှာပါ"

"ကိုကျော်ဇင်ထွဋ်...ခင်ဗျားမအိပ်ရသေးဘူးလား"

"ဟုတ်ပါ့ဗျာ..ညကကျွန်တော် Sea ကိုတောင်လှမ်းခေါ်ရသေးတယ်..သူလဲ မိုးလင်းခါနီးမှပြန်သွားတာ..ဒါပေမဲ့...Sea မင်းကတော့ အားအင်အပြည့်ပါလား..ဘာအားဆေးသုံးလဲဟင်..ဒီကအစ်ကို ကိုလဲမျှပါဦးကွာ"

"အစ်ကို!!!"
မိုးပင်လယ် အသံကျယ်ကျယ်နဲ့ ထခေါ်လိုက်မှ ကျော်ဇင်ထွဋ် ကသတိဝင်လာကာ သူ့နှုတ်ခမ်း နှစ်လွှာကိုဖိပိတ်လိုက်ပြီး...

?Daffodils[Complete]Opowieści tętniące życiem. Odkryj je teraz