အပိုင်း (၂၃)

Bắt đầu từ đầu
                                    

" ကွာရှင်းစာချုပ်ကို‌တော့ငါလက်မခံနိုင်ဘူး !"

" ကျနော်လည်းခင်များနဲ့ရှေ့မဆက်နိုင်တော့ဘူး ! ကျေးဇူးပြုပြီး ထွက်သွားပါတော့ ..."

နောက်ဆုံးကျန်သည့်လည်ပင်းနားမှကြယ်သီးလေးအားတပ်ပေးရင်းနှင့် တိမ်၀င်သွားသည့်လေသံတိုးတိုးဖြင့်သာကောင်ငယ်လေးကဆိုလာခဲ့သည်။ထို့နောက် ‌သူ့ထက်‌ခေါင်းတလုံးမြင့်သည့်ထိုလူသားအားမော့ကြည့်၏။စိုစွတ်ပြီးရွှန်းလဲ့လဲ့မျက်၀န်းတို့က မည်သို့လောက်နာကြင်ရသည်ကိုဖော်ပြနေသေးသည်။

" ဒီလောက်နဲ့ပဲပြီးဆုံးသွားကြရအောင်လေ ! ကျနော့်မှာဒီ့ထက်ခံနိုင်ရည်မရှိတော့ဘူး ။ ပြိုလဲပြီးရင်ပြန်ထနိုင်ဖို့ကြိုးစားရအုံးမယ် ... ခင်များလည်းကျနော့်ရဲ့အဝေးတနေရာမှာပျော်ရွှင်အောင်နေပါ "

" တပက်ပြည့်ပြီဆိုတော့ မင်းစိတ်ကြိုက်ပဲပေါ့ ။ သွားလိုက်ပါ ငါ့နဲ့အဝေးဆုံးကို ... ကွာရှင်းစာချုပ်ကိုငါလက်မှတ်ထိုးပြီးပို့ခိုင်းလိုက်မယ် "

ထိုသို့ပြောကာသူ၏ခါးကိုကိုင်ထားသည့်ကောင်လေး၏လက်တို့ကိုဆွဲဖြုတ်ချလိုက်သည်။ပြီးနောက် ဘေးနကမှန်တင်ခုံပေါတင်ထားသည့်ကုတ်အကျီအနတ်ရောင်ကိုလှမ်းယူကာမှန်ကြည့်ပြီးအကျအနယူ၀တ်သည်။

" နောက်ဆုံးအနေနဲ့ငါ့ကိုနက်ခ်တိုင်ချည်ပေးမလား ?"

သူ့နားမှလှည့်ထွက်သွားသည့်ကောင်လေးအားလှည့်မေးလိုက်သည်။ထိုစကားကိုကြားလိုက်သည့်ကောင်လေးမှာတော့ပြူးကျယ်ကျယ်မျက်၀န်းတို့ဖြင့်ထိုလူသားအာလှည့်ကြည့်လာခဲ့၏။ပြီးသည့်အခါ ကောင်လေးကခေါင်းငြိမ့်ပြပြီး ဗီဒီုနားသို့ပြန်လျှောက်ခဲ့ကာဗီဒိုတံခါးကိုဖွင့်သည်။ထပ်ပြီးအတွင်းရှိနက်ခ်တိုင်ထားသည့်အံဆွဲအားဆွဲဖွင့်ကာထိုလူသား၀တ်ဆင်ထားသည့်အကျီအရောင်နှင့်လိုက်မည့်နက်ခ်တိုင်အားရွေးပေးနေသည်။

" ဒီနေ့ကငါတို့ရဲ့၈လပြည့်တဲ့နေ့နော် ..."

ရင်အစုံကိုလှုပ်ခက်သွားသည့်နှယ်‌ နောက်ကျောမှလူသား၏ခပ်အေးအေးစကားကြောင့်ကောင်လေးမှလက်ဖျားတို့အေးစက်သွားခဲ့ရသည်။လှိုက်တက်လာသည့်၀မ်းနည်းမှုတို့ကအလိုက်မသိစွာဖြင့်ရင်၀သို့ရောက်ရှိလာသည့်အခါ‌မျက်၀န်းမှာမျက်ရည်ကြည့်တို့ပြည့်နှပ်သွားခဲ့၏။ဒီနေ့မှာမငိုပါအကြိမ်ကြိမ်အားတင်းထားသော်လည်း ထိုလူသားကစကားတခွန်းထဲနဲ့အလဲလဲအကွဲကွဲပြိုလဲ‌စေသည်။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ