အပိုင်း ၇၀

Začít od začátku
                                    


“ မဂႅလာပါ ။ဦးလေး ဟူရန်းကော”

“ သူတိတ်ဆိတ်တဲ့နေရာမှာ ဖုန်းပြောနေတယ်”

ကျန်းဝူ ပြုံးလိုက်ရင် အရမ်းချောတယ်လို့ စုရှောင်းယာ ထင်မိသည်။  ဒါပေမယ့် သူမရဲ့CEOကို ငေးမကြည့်ရဲဘူး။  သူမရဲ့ခေါင်းကို ငုံ့ထားလိုက်သည်။သူမ ကလေးကိုဆေးစစ်ဖို့ ဆေးရုံသို့သွားသောအခါ ဟူရန်းဒီက ဆေးရုံတွင်ရှိနေပြီး   သူမကို ယွဲ့ ကုမ္ပဏီသို့ ပို့ဆောင်ချင်ကြောင်းကို သူဘာကြောင့်ပြောခဲ့တာလဲဆိုတာ သူမ မသိခဲ့ပေ။


လင်းထျန် နဲ့ လီထူတို့ ကျန်းဝူနောက်လိုက်လာခဲ့ကြသည်။ အကြောင်းမှာ သူတို့က ကျန်းဝူနဲ့စကားပြောနေတဲ့သူကို သိချင်သောကြောင့်ဖြစ်သည်။  ကျန်းဝူက စုရှောင်းယာနဲ့ စကားပြောနေတာကို မြင်တော့ လီထူ အံ့အားသင့်သွားခဲ့ပြီး သူက စုရှောင်းယာ ကို သီးသန့်စကားပြောဖို့ ဘေးဘက်သို့ ဆွဲခေါ်သွားသည်။


“ အစ်မ ၊ဒီမှာဘာလုပ်နေတာလဲ”လို့ လီထူ မေးလိုက်သည်။“ကျွန်တော့အစ်ကိုက အစ်မကို ပိုက်ဆံမပေးနိုင်တာကြောင့် ကျွန်တော့်ဆီမှာ ပိုက်ဆံလာတောင်းတာလား။မနှောင့်အယှက်မပေးပါနဲ့တော့။ လီ မိသားစုက ဘယ်သူကမှ အစ်မကိုနောက်ထပ် ဒေါ်လာတွေပေးမှာမဟုတ်ဘူး။ အစ်မလိုမျိုး လောဘကြီးတဲ့လူတစ်ယောက်ကို ပိုက်ဆံတွေပေးနေတဲ့ ကျွန်တော့်အစ်ကိုကသာ မျက်စိကန်းနေတာ။ အစ်မကို တစ်ဒေါ်လာတောင် ကျွန်တော်ပေးမှာမဟုတ်ဘူး။ ကျွန်တော့်အစ်ကိုက နောက်ထပ်မိန်းမတစ်ယောက်နဲ့ လက်ထပ်သွားပြီ။သူ့ရဲ့အချစ်ရေးမှာ ဝင်မစွက်ဖက်ပါနဲ့တော့”


  “ ဘာပြဿနာရှိလို့လဲ ”ဟူရန်းဒီက စုရှောင်းယာကို မေးလိုက်သည်။

“  ဘာမှမရှိပါဘူး ”လို့ စုရှောင်းယာ ပြန်ပြောလိုက်သည်။  “ လီထု ၊ မောင်လေးရဲ့ အစ်ကိုနဲ့အစ်မ ကြားမှာဖြစ်ခဲ့တာက မောင်လေးနဲ့ဘာမှမဆိုင်ပါဘူး ။အစ်မဒီကိုလာတာက မောင်လေးကို တွေ့ဖို့မဟုတ်ဘူး။ မောင်လေးရဲ့ အစ်ကို နဲ့ အစ်မက ကွာရှင်းပြီးသွားပြီ။ သူလိုချင်တဲ့သူ ဘယ်သူမဆိုကို သူလွတ်လွတ်လပ်လပ် လက်ထပ်နိုင်တယ်။မောင်လေးရဲ့အစ်ကိုလို အေးစက်တဲ့နှလုံးသားနဲ့လူကို အစ်မလည်း ဘာမှလုပ်ချင်မနေပါဘူး” 

ဇနီးချောလေးနဲ့ ထက်မြတ်တဲ့သားလေး (Myanmar Translation)    (Completed )   Kde žijí příběhy. Začni objevovat