အတတ်နိုင်ဆုံးကြိုးစားရှာ​ဖွေ​ပေးထားပြီး​တော့ ​သောက်ပုံ​သောက်နည်းကအစ ​လေ့လာရင်းနဲ့ အ​ကောင်းဆုံး ​ရေး​ပေးထားပါတယ်။ ဝိုင်အမျိုးအစားအလိုက် အရသာတွဲဖက်မှု​တွေကအစ​ပေါ့။ ခင်ဗျားတို့ နည်းနည်း​လောက်ပဲ စဥ်းစားကြည့်​ပေးဗျာ။ ဝိုင်​တွေ​ရော တစ်ဖက်ကဝိုင်နဲ့တွဲရမယ့် ချိုချဥ်​တွေ​​ကိုရော။ ချိုချဥ်ရဲ့အရသာ​​တွေရော။ ၂ခုပေါင်းလိုက်ရင်ရမယ့်ခံစားမှု​တွေအကုန် ကျွန်​တော်​ရေး​ပေးထားတာ။ ဒီထဲကိုမှ ဇာတ်​ကောင်ရဲ့ နိမ့်မြင့်တက်ကျအ​တွေး​တွေ လှုပ်ရှားမှု​တွေ အ​ပြောစကား​တွေ။ ကျွန်​တော်တကယ်ကိုဗျာ။ ​ရေးရင်းနဲ့ကို မ​သောက်ဘဲ အ​တော် မူး​နောက်​နေတာ။

ကျွန်​တော့်CLထဲက ဇာတ်​ကောင်​တွေတိုင်းကို ❄အ​နေနဲ့ တန်ဖိုးတအားထားတာပဲလားဆိုတဲ့ ​​မေးခွန်းကိုမ​ဖြေခင်မှာ ကျွန်​တော်​ပြောချင်တာတစ်ခုရှိတယ်။ CLထဲမှာပါဝင်ရတဲ့ ဝိုင်တစ်စက်ကအစ ကျွန်​တော် တန်ဖိုးထားတယ်🔥။ ဒီ​လောက်ဆိုရင် ကျွန်​တော်​ပေးတဲ့အ​ဖြေကို သိပြီလို့ ထင်ပါတယ်။ ကျွန်​တော့်တန်ဖိုးထားမှုကိုလည်း မြင်နိုင်မယ်လို့ ​မျှော်လင့်ပါတယ်။ ​ကျွန်​တော် အရစ်ရှည်သမျှကို သည်းခံပြီး ဖတ်​ပေးကြတဲ့ စာဖတ်သူတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

ကျန်းမာ​ရေးတကယ်ဂရုစိုက်ကြပါ​နော်။​နေမြင်ည​ပျောက်က တကယ်ကိုဖြစ်​နေရတာ😢(ကျွန်​တော့်အလုပ်က အသိမိတ်​ဆွေ​တွေတစ်ချို့ အသက်ဆုံးရှုံးရတာကို ကိုယ်တိုင်ကြားသိနေရတာ​ကြောင့်ပါ💔)။ ကိုယ်တိုင်လည်း ​နေ​ကောင်းကျန်းမာ​အောင်​နေကြပါ။ ကိုယ်ခံအား​ကောင်း​အောင်​နေပါ။ အိမ်မှာအသက်အရွယ်ကြီးရင့်သူများရှိရင်လည်း ဒီလိုကာလကြီးမှာ ပိုပြီး​တော့ဂရုစိုက်​ပေးကြပါ။

ဒီ​တော့ ဒီည​🍷👨‍🍳နဲ့ ဆုံချင်သူများ ဆုံကြမယ်ဗျာ❄🍷👨‍🍳။ အသက်ရှုဖို့​တောင် ခက်ခဲ​နေတဲ့ ကာလထဲမှာ အနည်းအကျဥ်း စိတ်လက်​ပေါ့ပါး​စေဖို့ပဲ ကျွန်​တော်ရည်ရွယ်ပါတယ်။မရယ်နိုင်ဘဲ​ရေးထားရတဲ့ ရယ်စရာ​တွေပါ။နည်းနည်းပြုံးသွားရတယ်ဆိုရင်ကို ကျွန်​တော်​ကျေနပ်ပါပြီ။​ဘယ်အရာမှ မမြဲတဲ့​လောကကြီးမှာ ​​ပျော်စရာ​တွေ​တော့ တဒင်္ဂမြဲပါ​စေ။

Classic Love 🖤 ❤Where stories live. Discover now