"ကျွန်တော်တို့ရောက်ပါပြီ"
ထိန်းပြီးပြောသော်ငြား သူ့အသံကတုန်နေသည်။"ကောင်းပြီ... သွားတော့"
ဧကရာဇ်သည် သူ့ရှစ်ဇွမ်းကို တံခါးအကွယ်သို့တွန်းချလိုက်ပြန်သည်။
"မခေါ်ဘဲ ဘယ်သူ့မှဝင်မလာစေနဲ့။ ငါကိုယ်တော် ရှစ်ဇွင်းဆီကသင်ယူစရာတွေရှိသေးတယ်"ညစ်ကျယ်ကျယ်အပြုံးနဲ့အတူ တံခါးချပ်ပိတ်သွားခဲ့သည်။
ဧကရာဇ်၏ဒေါသ သူ့ဆီအဖျားမခတ်ခဲ့တာပဲ ဝမ်းသာရရင်း အစေခံမှာလည်း ခပ်သွက်သွက်ပြေးသွားရတော့လေသည်။အထဲတွင်...
'ဖြောင်း...ဖြောင်း...'
Yunxi ပြုတ်ကျရက်သားလေး ခပ်အုပ်အုပ်လက်ခုတ်တီးလိုက်တာကိုကြည့်ရင်း Feiyuခုမှသက်ပြင်းချနိုင်တော့တယ်။
တစ်နာရီလောက်ကြာအောင်နှစ်ယောက်ပေါင်းရေးထားတဲ့plotက အသုံးဝင်သွားသားပဲ။"တွေ့လား? ငါတို့ကို အစစ်တွေလို့ထင်တာပါဆို"
"Geကော ရရဲ့လား?"
အသက်ပိုဝင်အောင်သာတွန်းလိုက်ရတာ...အောက်မှာ ဘာမှလည်းမခံထားဘူး။
Geက ရယ်နေပေမယ့် နည်းနည်းတော့နာသွားမယ်ထင်တယ်။"ရတယ် ရတယ်"
Yunxi ဖုန်နည်းနည်းခါလိုက်ရင်း Feiyuထူပေးတဲ့လက်ကို အားယူပြီးထရပ်လိုက်တယ်။
ရှေ့မှာ နှစ်ခါပြုတ်ကျထားတာဆိုတော့ ဘယ်လိုပြုတ်ကျရင်သက်သာမလဲသိနေပြီ။ အေးဆေး..."ဒါနဲ့... စာကြည့်တိုက်က သန့်ရှင်းနေတာပဲ"
သန့်ရှင်းပြီး သပ်ရပ်နေတာ။ စာကြည့်စားပွဲမှာ ဖတ်လက်စစာအုပ်တွေ သွေးလက်စမင်တုံးဘာညာမရှိဘူး။
စာအုပ်တွေကလည်း စင်ပေါ်မှာညီညာနေတာပဲ။ နည်းနည်းတောင် အစီအစဉ်ရွေ့မနေဘူး။Taxian Junရဲ့ စာပေလိုက်စားမှုကြီးကို သိသိသာသာမြင်နေရတာပဲ!
0o.•°0o.•°0o.•°0o.•°0o.•°0o.•°0o.•°0o.•°
"Ge မူးလဲချင်ယောင်ဆောင်တော့ သူက ပြန်လှည့်လာတယ်?"
"အင်းဆို... Chu Wanningပါနာမှာဆိုတာ တော်တော်အသုံးဝင်တာ!"
"တော်သေးတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် Geကို ဘာမှမလုပ်တာ"
"အာ... ငါ ဘယ်လိုတောင် ဥာဏ်သုံးပြီးပြောခဲ့ရလည်းမင်းမသိပါဘူး"
YOU ARE READING
~Crossing~
FantasyChu Wanning အချိန်နှစ်ခုကြားကတံခါးကိုဖွင့်ရာက အစီအရင်လွဲသွားပြီး Luo Yunxiနဲ့ နှစ်ယောက်သားလူချင်းလဲသွားသောအခါ... Chu Wanning အချိန်နှစ်ခုကြားကတံခါးကိုဖွင့်ရာက အစီအရင်လွဲသွားပြီး Luo Yunxiနဲ့ နှစ်ယောက်သားလူချင်းလဲသွားသောအခါ...