Ch_4

82 13 6
                                    

<zawgyi>

Crossing~

Ch-4: " အမြည်းလေးတောင် မစားလိုက်ရဘူး! "

Yunxi သဲတွေပေပြီးမဲတူးနေတဲ့ကိုယ့်အိင်္ကျီကိုယ် ပြန်ကြည့်မိတယ်။ ရိုက်ကွင်းကအိင်္ကျီ ကိုယ့်ကြောင့် ဒီလိုမဲတူးသွားတာ တော်တော်အားနာဖို့ကောင်းတာပဲ။

ဒီလိုမဲမဲတူးတူးနဲ့သာ ဟိုဘက်ပြန်ရောက်သွားရင်တော့ လှပြီ!

အဲ့တာ... ဘယ်မှာလျှော်ရမလဲမသိ?
Chuu Wanningက အဝတ်မလျှော်တတ်ဘူးမဟုတ်လား?
Chuwanngကို အခြားသူတွေမြင်တာလည်းမကြိုက်ဘူး၊ အဆောင်ထဲလည်းပိတ်ထားသေးတယ်၊ အစားအသောက်ပို့တာလောက်ကလွဲပြီး အစေခံတွေကို အနားမသွားခိုင်းဘူးဆိုတော့ ခါတိုင်းဘယ်သူလျှော်တာများလဲ?
Taxian Junကိုယ်တိုင်လျှော်တာလား?

Taxian Junဆောင့်ကြောင့်ထိုင်ပြီး အဝတ်လျှော်နေတဲ့ပုံမြင်ရရင်တော့ အာဂမျက်စိ လူဖြစ်ကျိုးနပ်ပြီပဲ!
တကယ်လျှော်လို့ကတော့ Yunxi ဟိုဘက်ပြန်ရောက်ရင်တောင် ဖုန်းအားသွင်းပြီး ဓာတ်ပုံပြန်လာရိုက်ပစ်မှာ။

ခုဏက...
မေ့လဲချင်ယောင်ဆောင်တုန်းက ဖုန်တောထဲပြုတ်ကျတာကို မဖမ်းတဲ့အပြင် ကုတင်ပေါ်ပြန်ချီလာပြီးပစ်ချသေးတယ်။

နှစ်ခါနာနေပြီမို့ ထထိုင်မိတော့လည်း
'မေ့ချင်ယောင်ဆောင်နေမှန်း သိသားပဲ။ ငါကိုယ်တော်ကို ငတုံးထင်နေလား?... ဟက်ဟက်'
ဆိုပြီး ဂုဏ်ယူနေတဲ့အပြုံးကြီးနဲ့ပြန်ထွက်သွားတယ်။

Yunxi အခုပြန်တွေး အခုပြေးရိုက်ချင်နေတုန်းပဲ။
'Feiyuမဟုတ်ဘူး'ကို သက်စေ့ရွတ်နေရတယ်။
ချီးထုတ် Taxian Jun!!
အဲ့တာမို့ နောက်ပိုင်း 2.0 ၃ရက်/ သူ ၁ရက်_ပဲရတော့တာ။ ကောင်းတယ်!

မတော်တဆများ2.0ဆီရောက်သွားရင် ၃ရက်ရဲ့နောက်ဆုံးတရက်မှာ ထွက်ပြေးထားဖို့အကြံပေးပစ်မယ်။
အဲ့တော့မှ သူ့အလှည့်၁ရက်လုံးပြန်ပြေးလာရင်း Chu Wanningကိုဘာမှမဘာရပဲ ပြေးရင်းလွှားရင်းအချိန်ကုန်သွားမှာ။
တွေ့မယ်... ဒင်း ဒုက္ခရောက်အောင်အကြံပေးပစ်မယ်...။

Taxian Junကိုမေတ္တာပို့ရင်း အဝတ်ပိုက်ပြီးလျှောက်ကြည့်နေတာနည်းနည်းတောင်ကြာသွားပြီ... ရေချိုးခန်းကိုရှာမတွေ့။
Chu wanning သူ့အစွမ်းတွေရှိတုန်းက 'ချားမပီး'တာပဲမဟုတ်ဘူးလား? ရေတော့ချိုးသေးတယ်လေ။ ခုက အိမ်သာတွေ့ပြီး ရေချိုးခန်းမတွေ့တာ... ရေမချိုးရတာတောင်၂ရက်ရှိတော့မယ်။

~Crossing~Where stories live. Discover now