/ကျေနပ်တယ်ညီ မင်းရဲ့ပထမဆုံးအနမ်းကိုလဲကိုယ်ပဲရခဲ့သလို အိပ်ယာပေါ်ကကိစ္စကိုလဲကိုယ်ပဲပထမဆုံးရအုံးမှာပဲဆိုတော့ ကိုယ်တော့သိပ်ကျေနပ်တယ်/

စိတ်ထဲမှာတီးတိုရေရွတ်နေပြီး ညီစေမင်းသော်ကိုချစ်ခြင်းအပြည့်မျက်ဝန်းတွေနဲ့ကြည့်နေတော့သည်။

"ညီ အဲ့ကောင်လေးနဲ့တွဲခဲ့တုန်းကအသက်ဘယ်လောက်လဲ?ပြီးတော့ဘယ်ကတည်းကရည်းစား စထားတာလဲ?ရည်းစားဘယ်နှစ်ယောက်ရှိခဲ့လဲ?"

"မေးခွန်းတွေကလဲများလိုက်တာ..... "

"ဖြေပါညီ ကိုယ်သိချင်တယ် ကိုယ့်ရဲ့ကလေးလေးက အချစ်ဆရာကြီးလားကိုကိုသိချင်တယ်"

ဘုန်းဆက်က သူ့ကိုယ်ကိုယ် ကိုကိုလို့ပြောလာတော့ညီစေမျက်နှာပြုံးဖြသွားတာများ သွားစွယ်ချွန်ချွန်လေးတွေတောင် ထွက်ပေါ်လာသည်အထိပါပဲ...

"ကျွန်တော်ပထမဆုံးရည်းစားစထားတာက broken familyစဖြစ်တဲ့နှစ်ပေါ့ စိတ်ပြေလက်ပျောက်လဲဖြစ်အောင် ကိုယ့်ကိုဂရုစိုက်ပြီးချစ်ပေးမယ့် လူများရှိမလားဆိုပြီး ရည်းစားစထားတာ တစ်ကယ်တော့ကျွန်တော်လိုချင်တဲ့ချစ်မြတ်နိုးမှုတွေနဲ့ဂရုစိုက်မှုတွေကို ပိုက်ဆံနဲ့ပေးဝယ်ပါသော်လည်းမရခဲ့ပါဘူး ၊ဘာလိုချင်လဲ လိုချင်တာဖြစ်ချင်တာမှန်သမျှကိုငွေထုပ်ပေးပြီးကျွန်တော့်နားကိုသူတို့နေအောင်ကြိုးစားခဲ့တယ် ၊အဲ့လိုလုပ်ပေးတာကိုသူတို့နဲ့အိပ်ချင်လို့လို့ထင်တဲ့လူတွေကြောင့် နောက်ပိုင်းဘယ်သူ့ကိုမှအနားကပ်မခံတော့ဘူး ၊"

"တော်တယ် ညီ...အခုကစပြီးညီလိုချင်တဲ့အချစ်တွေကော ဂရုစိုက်မှုတွေကောကို ကိုယ်ကအပြည့်အဝဖြည့်ဆည်းပေးမှာညီ ၊ကိုယ့်မျက်နှာတစ်ခုပဲကြည့်နေပေးနော်"

"ဟုတ် ကိုကို ၊ ကျွန်တော့်နှလုံးသားရဲ့နန်းတင်အရှင်ဘုရင်ကိုကို့ကို ကျွန်တော်အရမ်းချစ်တယ် ၊ကျွန်တော့်ကိုဘယ်တော့မှထားမသွားခဲ့ရဘူးနော်"

ညီစေကနှုတ်ခမ်းလေးဆူလာပြီးကလေးလိုပြုမှူနေတော့သည်။ညီစေရဲ့ဒီလိုချွဲတတ်တဲ့ပုံစံလေးကိုပထမဆုံးအနေနဲ့မြင်လိုက်ရတာဖြစ်လို့ဘုန်းဆက်ကငေးခနဲဖြစ်သွားတော့သည်။

Commando🍁(Complete)Where stories live. Discover now