Chapter 2

351 93 10
                                    

Unicode

"ဘာလဲ?! ဘာကြီးလဲ?!"

ဓာတ်လှေကားထဲမှထွက်လာသော မရေတွက်နိုင်သည့် အနက်ရောင်လက်များက သွေးရူးသွေးတန်း ပြန်ပြေးသွားကြ၏။ မြင့်တက်လာသည့် မှောင်မိုက်ကာအန္တရာယ်ရှိသည့် စွမ်းအင်နှင့်အတူ လေထုတွင်းရှိအပူချိန်က ပို၍ပင် အေးစက်လာသည်။

"မင်း! မင်းကဘာကြီးလဲ?!"

၎င်းတို့အား အပူလောင်သွားသကဲ့သို့ပင် အနက်ရောင်လက်လေးများက ထူးဆန်းသည့်မြည်သံများပြုလျက် အလျင်အမြန် ပြန်ဆုတ်သွားကြ၏။

သို့ပေမဲ့ မျှော်လင့်မထားဘဲ ‌စောစောကထိ မည်သည့်အမူအရာမျှမရှိဘဲ မတ်တပ်ရပ်နေခဲ့သည့် လူငယ်လေးက ရုတ်တရက် သူ့လက်ကောက်ဝတ်ကိုလှည့်ကာ ထိုအနက်ရောင်လက်အား ဆုပ်ကိုင်လိုက်သည်။

"ပူလိုက်တာ!! ပူလိုက်တာ!!"
စူးစူးဝါးဝါးအော်ဟစ်သံတစ်ခုက ထွက်ပေါ်လာ၏။
"အေးလိုက်တာ! အရမ်းအေးတယ်!! ငါ့ကိုလွှတ်ပေး!"

လေထဲတွင်ရှိသည့် တခြားလက်များက ခန္ဓာကိုယ်အတည်တကျ မရှိသည့်ပုံပင်၊ ပြတ်တောင်းပြတ်တောင်း ပေါ်လာလိုက် ပျောက်သွားလိုက်။ လူငယ်လေး၏လက်ထဲတွင် ဖမ်းဆုပ်ခံထားရသည့် အနက်ရောင်လက်တစ်ဖက်က အမြင်တွင်လွယ်ကူသလို ထင်နေရပေမဲ့ မည်သို့မျှရုန်းမထွက်နိုင် ဖြစ်နေ၏။

ထိုလူငယ်လေးနှင့် ထိစပ်နေသည့်နေရာမှတဆင့် အေးစိမ့်နေသည့်စွမ်းအားများ ကူးပြောင်းလာနေသည်ကို ခံစားနေရသည်။ ၎င်းက သဘာဝအလျောက်ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေပြီး သူ့တို့ကိုယ်သူတို့ မကြာခင်နိုးထလာမည့် သားရဲကြီး၏ရှေ့မှောက် ရောက်နေသလိုပင်။ အိပ်ပျော်နေရင်းက မသိစိတ်အရပြုလိုက်မိသည့် တစ်ဖက်လူ၏ ရှူထုတ်လိုက်သည့်လေကပင် ကြောက်ဖို့ကောင်းနေ၏။

ထို့ထက် ၎င်းရှေ့တွင်ရှိနေသည့် တည်ရှိမှုက လုံးဝလူသားဟုတ်မနေချေ!။

သို့ပေမဲ့ သူက ရှင်းရှင်းလင်းလင်းကို အသက်ရှူနေဆဲဖြစ်ပြီး နှလုံးလည်းခုန်နေသည်။ အသက်ရှင်သန်ခြင်း၏ လက္ခဏာရပ်များအားလုံးက လုံးဝသာမန်ပင်။

After an Infinite Flow Player Retires [MM Translation]Where stories live. Discover now