"အပူပဲပေးပါ"
ယဲ့ကျား ပိုက်ဆံနှစ်ရွက်ကိုထုတ်ကာ ကောင်တာပေါ်တင်ပေးလိုက်သည်။

__ဒီလောက်ပူနေတဲ့အချိန်မှာ မစ်တီအပူသောက်တယ်လား?

ပြီးတော့ ဒီလိုခေတ်ကြီးမှာ ဖုန်းနဲ့ပိုက်ဆံမရှင်းတဲ့ လူငယ်တွေ ရှိနေသေးတယ်ပေါ့?

အမျိုးသမီးဝန်ထမ်းက စိတ်ထဲတွင်တီးတိုးရေရွတ်နေရင်းက တစ်ဖက်လှည့်ကာ စတင်ဖျော်တော့သည်။

ငါးမိနစ်ကြာပြီးနောက်__

ယဲ့ကျား မစ်တီးအပူခွက်လေးကိုကိုင်ကာ အနီးနားတွင်ရှိသည့် အထပ်မြင့်အဆောက်အဦးဆီသို့ အလျင်မလိုသည့်ပုံဖြင့် လျှောက်လှမ်းသွားလိုက်သည်။

အဆောက်အဦး၏အရိပ်အောက်တွင် လူနှစ်ယောက် မတ်တပ်ရပ်နေကြသည်။ သူတို့ခေါင်းများက အောက်ကိုငိုက်စိုက်ကျနေကာ တစ်စုံတစ်ရာ ဆွေးနွေးနေကြပုံပေါ်သည်။

ကျောက်တုန်း ခေါင်းကိုမော့ကာ တစ်ဖက်တွင်ရပ်နေသည့် ယဲ့ကျားကိုကြည့်လိုက်သည်။ သူ့အကြည့်များက ယဲ့ကျားလက်ထဲရှိ မစ်တီးခွက်ဆီရောက်သွားပြီးနောက် ရယ်ကာမောကာဖြင့် စနောက်လိုက်သည်။
"ဒီဘာမဟုတ်တဲ့ ချိုချိုရဲရဲတွေကို မငြီးငွေ့သေးဘူးလား?"

"ခင်ဗျားနားမလည်ပါဘူး"
ယဲ့ကျား ပုခုံးကိုတွန့်ကာဖြင့် ပါးနပ်စွာပြန်ဖြေလိုက်သည်။
"ဒါကို မစ်တီးဆိုင်တစ်ဆိုင်ရဲ့ စီးပွားရေးပုံစံကို ကြိုတင်လေ့လာတာလို့ခေါ်တယ်"

သူတို့ဘေးတွင်ရပ်နေသည့် ချန်းစဲ့ကျီက ဒီစကားကိုကြားသည့်အခါ သူ့ခေါင်းကိုမော့ပြီး သူတို့နှစ်ယောက်ကို ဗလာသက်သက်ကြည့်ကာ.....
"....ဘာ?"

ကျောက်တုန်းက ရယ်လိုက်ပြီး...
"မင်းတော့သိမှာမဟုတ်ဘူး၊ ဒီက ငါ့တို့ရဲ့ယဲ့သခင်လေးက သူအနားယူပြီးတဲ့အချိန်ကျရင် မစ်တီးဆိုင်ဖွင့်ဖို့ စိတ်ကူးနေတာလေ၊ သူ့ရဲ့အနာဂတ်အတွက်တောင် အစီအစဉ်ချပြီးနေပြီ"

ချန်းစဲ့ကျီ - "......."

နေပါဦး၊ သူ့ကြည့်ရတာ အများဆုံးမှ နှစ်ဆယ်ဝန်းကျင်လောက်ပဲ ရှိဦးမယ့်ပုံပါ။

After an Infinite Flow Player Retires [MM Translation]Where stories live. Discover now