"အင်းးးးးးကိုယ့်ကို စိတ်ဆိုးနေလား"

"နာကျင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ တမင်လုပ်ခဲ့တာမှ မဟုတ်ဘဲ"

"ကျေးဇူး"

"အင်း"

"ခုဘယ်လိုနေသေးလဲ။ နေကောင်းရဲ့လား"

"ဟင့်အင် မကောင်းဘူး ဖျားနေတယ်"

"ဟင်! ဆေးရော ထိုးထားသေးလား"

"ဟင့်အင် . . . ဆေးတော့ သောက်ထားတယ်"

"ဆေးခန်းလိုက်ပို့ပေးမယ်လေ"

"ဆေးထိုးရမှာ ကြောက်တယ်"

"တခြားရော ဘာဖြစ်သေးလဲ။ လက်ကျိုးသွားတာတို့ နာတာကျင်တာတို့ ဖြစ်လား"

"အင်း လက်တော့ မကျိုးဘူး။ ဒါပေမဲ့ ကိုယ်တွေလက်တွေနာပြီး အဖျားတက်နေလို့ အိပ်ရာပေါ်မှာ ကွေးနေရတယ်"

"တောင်းပန်ပါတယ်"

"မဟုတ်တာပဲဗျာ။ တောင်းပန်စရာ မလိုပါဘူး"

"ကိုယ့်ကြောင့် မင်းအရမ်းနာကျင်နေရတယ်မို့လား"

"စိတ်မပူပါနဲ့ ပျောက်သွားမှာပါ"

"နာနေတယ်မို့လား စိတ်ပူတယ်။ ပြီးတော့ ခင်လေးကိုလည်း တောင်းပန်ပါတယ်လို့ ပြောပေးပါနော်"

"အင်း စိတ်ချ သေချာပြောပေးမယ်။ မမားက အဲ့နေ့က ကျွန်တော့်ကို အရမ်းစိတ်ပူသွားလို့ လုပ်မိလုပ်ရာ လုပ်လိုက်တာပါ။ မမားကို နားလည် ခွင့်လွှတ်ပေးပါ။ မမားကိုယ်စား ကျွန်တော်ကပဲ တောင်းပန်ပါတယ်"

"မဟုတ်တာ ကိုယ့်အမှားပါ"

"လူကြီး အမှားလို့မတွေးနဲ့။ ဖြစ်ချိန်တန်လို့ဖြစ်တာလို့ပဲတွေး"

"အင်းးးး ဒါနဲ့ ဘာစားပြီးပြီလဲ"

"မနက်စာပဲ စားရသေးတာ။ နေ့လည်စာ မစားရသေးဘူး"

"ဘာစားချင်လဲ"

"ဝက်ကြေးအိုးချဉ်စပ်လေး စားချင်တာ"

"အင်းးးးခဏစောင့်"

တစ်ဖက်က ဖုန်းချသွားသည်မို့ လင်းရာပြုံးလိုက်မိသည်။

ခဏကြာတော့ လူကြီးက အဆောင်ကို ရောက်လာလေသည်။ သာထူးက ကလေးစိတ်မို့ လင်းရာ ခံစားနေရတာကို အနီးကပ်တွေ့နေရတဲ့သူဖြစ်တာကြောင့် လူကြီးကို သိပ်ပြီး အမြင်မကြည်ပေ။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now