ဒီ Fiction ကို ကြိုက်မှ ဖတ်ပါ ၊ မကြိုက်ရင် မဖတ်ပါနဲ့
ဖတ်ပြီးရင်လဲ တိတ်တိတ်လေးနေပြီး ပါးစပ်ပိတ်ထားပေးပါ
နောက်ကွယ်မှာ သာလိကာလို မဖွပါနဲ့
ကြိုက်ရင်ဆက်ဖတ်နိုင်ပါသည်။
********
မနက်ခင်းလေး ဝေလာဝေလင်းအချိန်မှာ ရှောင်းကျန့်နိုးထလာတော့ မနေ့ညက သူ့ဘေးတွင်အိပ်နေတဲ့အရှင်ရိပေါ်က မရှိတော့ဘူး။
အချိန်လင့်နေပြီ ထင်ပါရဲ့ ကိုယ်ပဲ နှစ်ချိုက်စွာ အိပ်ပျော်နေခဲ့လေသလားး ။
အရမ်းပင်ပန်းတယ် အဲ့လိုတစ်ခါဖြစ်ပြီးတိုင်း သူ့ခန္ဓာကိုယ်က တစ်ခုခုနဲ့ဆောင့်မိနေသလိုပဲ ကိုက်ခဲပြီး နာကျင်နေတယ် ။
သူ့ကိုယ်ပေါ်တွင် စောင်တစ်ခုသာ ခြုံလွှားထားခဲ့တော့
တစ်ကိုယ်လုံးမှာလဲ အနီရောင်အမှတ်အသားတွေက အညိုရောင်သို့ အရောင်ပြောင်းလင့်နေပြီ။
သူ့ရဲ့ နောက်ဘက်ပိုင်း နာကျင်လို့ တစ်ချက် ညီးလိုက်ကာ မတ်တပ်ထဖို့လုပ်တော့သည် ။
" မင်းလေးတောင် နိုးနေပြီပေါ့ "
ရုတ်တရက် အရှင့်အသံကြောင့် ထဖို့လုပ်တဲ့အချိန် ပြန်ပြီး လဲကျသွားတယ် ။
" ကိုယ့်ကို မလန့်ပါနဲ့ "
ရိပေါ်က သူလေး စားဖို့ တစ်ခုခုသွားချက်နေတာ ။
မီးဖိုမှာ တာဝန်ယူတဲ့ အစေခံတွေမှာတော့ အရှင်ရဲ့ ထူးထူးဆန်းဆန်းအမူအရာတွေကြောင့် အံ့သြနေကြတယ်လေ ။သူတို့ အရှင်က ချစ်တတ်လာပြီပဲ ။
" ထနိုင်ရဲ့လား..ကိုယ်ထူပေးရမလား "
ရှောင်းကျန့် ခေတ္တလေးကြောင်အပြီးမှ
အရှင့်ကို လက်ချေစကားတုန့်ပြန်လိုက်တယ် ။
" အာ.ထ..ထနိုင်ပါတယ်.."
အဆင်မပြေရဲ့သားနဲ့ ဘာလို့ဇွတ်ငြင်းနေတာလဲကွာ။
" ဟင်..အရှင် ဘာလို့.. "
" စကားမများနဲ့..မင်းလေးပင်ပန်းမယ် "
ပေါ့ပါးနေတဲ့ သူ့ကိုယ်လေးကို သတို့သမီးလို ဆွေ့ခနဲပွေ့ချီလိုက်တော့ သူလေး ငြင်းလာတယ်။ ရှောင်းကျန့်လဲ ပြုတ်ကျမည်ဆိုး၍ အလိုက်သိ အရှင့် ပုခုံးကို သွယ်ဖက်လိုက်သည်။
ပြည့်ဖြိုးလာပြီထင်ရပေမဲ့ သူ့ကိုယ်လေးက
အရင်လို ပေါ့ပါးနေတုန်းပဲ ။
မရဘူး အစာများများ စားခိုင်းမှ ရတော့မည်။
YOU ARE READING
⚠️𝙇𝙞𝙠𝙚 𝘼 𝙍𝙤𝙮𝙖𝙡 𝙎𝙚𝙭 𝙎𝙡𝙖𝙫𝙚 ⚠️(𝙕𝙖𝙬/𝙐𝙣𝙞) 𝙈𝙥𝙧𝙚𝙜
Historical Fictionအစမကောင်းခဲ့တဲ့ ဇာတ်လမ်းက နောက်ဆုံးမှာ Happy Ending ဖြစ်ကြတယ် ❤️ Completed. Start Date-Apirl 13 .2021 End Date - July 26.2021
