တဖြည်းဖြည်းနဲ့ ကိုယ်ဝန် ၇ လ အချိန်တွင် ရောက်လာတဲ့အချိန် ရှောင်းကျန့်ရဲ့ စိတ်ရော ကိုယ်ပါ ပိုပင်ပန်းလာရတယ် ။ အဆိုးဆုံးက သူ့ဘေးမှာ ဖွယ်ဖွယ်ရာရာ ဂရုစိုက်ပေးမဲ့လူမရှိတာပဲ ။
တခြား ကိုယ်ဝန်သည်တွေလို ခင်ပွန်းသည်က သူတို့အား လိုလေသေး မရှိအောင် ဂရုစိုက်ပေးကြတာ တွေးပြီး ရှောင်းကျန့် ၀မ်းနည်းမိသော်လည်း အရာအားလုံးက သူ့အကျိုးအကြောင်းနဲ့ လာတာကြီးပဲ
ဘယ်လိုမှ ပြင်မရတော့တဲ့ ၀ဋ်တခုပဲဟု ရှောင်းကျန့် စိတ်ဖြေလိုက်ရတယ် ။
" ကြင်ယာတော်.. ဘယ်သွားချင်လဲ..အားဟုန်ပို့ပေးမယ်လေ "
" ငါတို့ အပြင်ထွက် လမ်းလျှောက်ကြမလား.. အိပ်ဆောင်မှာပဲ နေရတာ.. မွန်းကြပ်လွန်းလို့.. "
" ဟုတ်ပြီ ကြင်ယာတော်. ဟုန်ဟုန် တွဲကူပေးပါ့မယ် "
ဟုန်ဟုန်ဆိုသူက အရှင့်အစား မယ်မယ်ဘွားဘွားက သူ့အား စောင့်ရှောက်ဖို့ စေလွှတ်ခဲ့တဲ့ လူပဲ ။
ဘယ်လိုမှ နားချမရတဲ့ ဘုရင်ကို မယ်မယ်ဘွားဘွားက ဖြစ်ချင်သလို ဖြစ်ပါစေ လွှတ်ထားပေးလိုက်တယ်လေ ။ ရှောင်းကျန့်လဲ အရှင်ကိုယ်တိုင် ဘာလုပ်ချင်လုပ်...အရေးကြီးဆုံးက အခုဗိုက်ထဲမှာ ရှိနေတဲ့ သူ့ရင်သွေးလေး အလွယ်တကူ မွေးဖွားလာဖို့ပဲ
စိတ်ဝင်စားတော့တယ် ။
အနီးအနားမှာ လမ်းလျှောက်ကြရင်း
" ယို့..ဘယ်သူများလဲလို့ အပယ်ခံ ကြင်ယာတော်ပါလား "
ကြင်ယာတော် တစ်ပါးကို စကားဖြင့်စော်ကားတာက ဘယ်သူမို့လို့လဲ ။ ထိုမိန်းကလေးက သေချာပေါက် ဧကရာဇ်ခေါ်လာတဲ့ လူပဲပေါ့ ။ နန်းတော်ကို ရောက်လာတာ ၁ လတောင် မပြည့်သေးဘူး..
သူ့ကိုယ်သူ မိဖုရား ရာထူးများ ရသွားတာများ ထင်နေလားပဲ ။ အဲ့မိန်းမကို ဟုန်ဟုန်ကြည့်မရတာ အမှန်ဘဲ ။
" နင်ဘာစကားပြောတာလဲ.. ဘာအဆင့်မှ မရှိတဲ့ မိန်းမကများ .. "
" အစေခံက အစေခံလို မနေဘူးလား..နင့် ကြင်ယာတော်က မသင်ပေးထားဘူးလား ဟမ် "
" နင် ! "
" ဟုန်ဟုန်တော်တော့..ငါတို့ သွားကြမယ်.. "
ВЫ ЧИТАЕТЕ
⚠️𝙇𝙞𝙠𝙚 𝘼 𝙍𝙤𝙮𝙖𝙡 𝙎𝙚𝙭 𝙎𝙡𝙖𝙫𝙚 ⚠️(𝙕𝙖𝙬/𝙐𝙣𝙞) 𝙈𝙥𝙧𝙚𝙜
Исторические романыအစမကောင်းခဲ့တဲ့ ဇာတ်လမ်းက နောက်ဆုံးမှာ Happy Ending ဖြစ်ကြတယ် ❤️ Completed. Start Date-Apirl 13 .2021 End Date - July 26.2021
