ဒီ Fiction ကို ကြိုက်မှ ဖတ်ပါ ၊ မကြိုက်ရင် မဖတ်ပါနဲ့
ဖတ်ပြီးရင်လဲ တိတ်တိတ်လေးနေပြီး ပါးစပ်ပိတ်ထားပေးပါ
နောက်ကွယ်မှာ သာလိကာလို မဖွပါနဲ့
ကြိုက်ရင်ဆက်ဖတ်နိုင်ပါသည်။
************
၁ လ ရှိသွားပြီနော် ...အားတျဲ အိပ်နေတာ အချိန်တစ်လတိတိရှိနေပြီ ။
အဲ့လိုဖြစ်နေတဲ့အချိန်မှာ မယ်မယ်ကိုလဲ အကြောင်းမကြားချင်တော့.. မယ်မယ်မသိအောင် တိတ်ဆိတ်စွာပဲ ကုသမှုခံယူနေတယ်လေ။ ဓားချက်က နှလုံးထိ မရောက်ပေမဲ့လည်း နီးကအ်နေတာကြောင့် ကုသမှု ၁ လကြာသွားလေသည်။
ကိုယ့်မှာလဲ လသားအရွယ် သားငယ် ၂ ယောက်ရှိတာကြောင့်.. တျဲကို အမြဲဂရုစိုက်ပေးလို့မရချေ။
အရှင်..သူလား..သူက ..တျဲ နာမကျန်းဖြစ်နေတဲ့အချိန်ကစပြီး
ပြောင်းလဲသွားသလိုပဲ။
အားတျဲဖို့ သမားတော်တွေ ခေါ်လာပေးတတ်တယ်..ပြီးတော့..ရှောင်းကျန့်အစား.ပြုစုဖို့ လူတွေ ခိုင်းစေထားတယ်။
ဒီတစ်ခါ ကလေး ၂ ယောက်က ငြိမ်တော့ တော်သေးသည်။
မကြာခဏ အရှင်က မင်ဖန်းနဲ့ ယွမ်ဖန်းကို ပွေ့ချီချော့မြူတဲ့အခါလည်း ရှိတော့ ရှောင်းကျန့်မှာ ကလေးကြောင့် သိပ်ပြီးး.. မပင်ပန်းရပါ။
နို့တောင်းတဲ့အခါတွင်မှသာ..ရှောင်းကျန့်စီ ခေါ်လာပေးကြတယ် ။
" အရှင်..မင်းသားငယ် နှစ်ယောက်က နို့တောင်းနေပြီထင်ပါတယ်..အရှင်ရဲ့ လက်ညိုးနဲ့လက်မကို ယူစုပ်နေကြတာများ "
ကလေးငယ်နှစ်ယောက်က နို့ဆာနေတာကို ၀မ်ရိပေါ် မသိဘူး ။ အဲ့ကြောင့် ခဏက သူ့ရင်ဘတ်ကို မျက်နှာအပ်နေခဲ့တာလား။အခုလည်း မင်ဖန်းက ရိပေါ်ရဲ့ လက်ညိုးစုပ်ပြီး..ယွမ်ဖန်းက လက်မကို ကိုင်၍ တပြွတ်ပြွတ်လုပ်နေကြတယ်။
" အဲ့ဆို..ရှောင်းကျန့်စီ..ပို့ပေးလိုက်ကြတော့.."
" အာ..အရှင်..ကျွန်တော်မျိုး မေ့နေလို့..ကျွန်တော်လုပ်စရာရှိတယ် "
" အပျိုတော်တွေ... "
" အော်..သူတို့ကိုလည်း ကျွန်တော်မျိုး အလုပ်ပေးထားလိုက်ပါပြီ "
YOU ARE READING
⚠️𝙇𝙞𝙠𝙚 𝘼 𝙍𝙤𝙮𝙖𝙡 𝙎𝙚𝙭 𝙎𝙡𝙖𝙫𝙚 ⚠️(𝙕𝙖𝙬/𝙐𝙣𝙞) 𝙈𝙥𝙧𝙚𝙜
Historical Fictionအစမကောင်းခဲ့တဲ့ ဇာတ်လမ်းက နောက်ဆုံးမှာ Happy Ending ဖြစ်ကြတယ် ❤️ Completed. Start Date-Apirl 13 .2021 End Date - July 26.2021
