နွေဉီးလက်ထဲကဖုန်းကိုပစ်ချပစ်လိုက်ပြီး စိတ်ညစ်ညစ်နဲ့ဆံပင်တွေကိုဆွဲဖွပစ်လိုက်မိပြန်တယ်။
____________________"ကိုမိုးပင်လယ်...ခေမီတို့စကားခဏပြောရအောင်"
ကိုကျော်ဇင်ထွဋ်ကိုသူနှုတ်ဆက်စကားပြောလိုက် ပြီး ခေမီ့ကိုမေးဆတ်ကာ..
"ပြောလေ ဘာပြောမှာလဲ ဇူဇူး"
သူ့စကားကိုကြားတော့ ခေမီကသဲ့သဲ့လေးပြုံးရင်း..
"အစ်ကို့ဆီက အဲ့လိုအခေါ်မခံရတာတောင်ကြာပြီ...ခေမီတို့ရင်းနှီးကြတာကိုဘာလို့လျို့ဝှက်ထားချင်ရတာလဲ"မိုးပင်လယ် ပြုံးလိုက်ရင်း..
"လို့ဝှက်ထားတာတော့မဟုတ်ပါဘူး..ဒါပေမဲ့တကူးတကလဲထုတ်ပြောနေစရာမှမလိုတာ""အင်းလေ ဟုတ်တော့ဟုတ်ပါတယ်...ဒါပေမဲ့.."
"ဇူဇူးပြောမှာကဘာလဲ..ကိုယ် နွေဉီးဆီပြန်သွားရဉီးမယ်"
"အန်တီနဲ့ဖုန်းပြောပြီးပြီလား"
"အခုတလောတောင်မပြောဖြစ်ဘူး..ဘာဖြစ်လို့လဲ"
"ခေမီတို့ကိစ္စကိုမြန်မြန်စီစဉ်ချင်နေပြီဆိုတဲ့အကြောင်းပါပဲ..."
"သြော်...ဒါပဲလား"
"အင်း..အဲ့ဒါပဲ"
မိုးပင်လယ်ကမထူးဆန်းသလိုပြောတော့ခေမီ့မျက်နှာနည်းနည်းပျက်သွားတယ်။သူ့အပေါ်ခေမီ စိတ်ဝင်စားနေမှန်းကို သူလဲယောင်္ကျားလေးပီပီသိပေမယ့်လဲခေမီ့ကိုသူမှမချစ်တာ။မချစ်ဘဲလက်ထပ်တဲ့သူ့မိဘတွေလိုအမှားမျိုးကို သူဘယ်တော့မှထပ်လုပ်မှာမဟုတ်ဘူး။
ဒါကြောင်မို့လဲဘာမှစကားမကျွံမိစေဖို့ပြောလာသမျှကိုခေါင်းညိမ့်ပြီးနားပဲထောင်နေလိုက်တယ်။ခေမီနဲ့သူ့ကို မေမေက လက်ထပ်စေချင်တာ ကြာနေပြီ။သူကတတ်နိုင်သမျှ သိုင်းကွက်အစုံထုတ်သုံးပြီး ရှောင်နေခဲ့ပေမယ့် နောက်ဆုံးတော့ ဒီလိုနေ့မျိုးရောက်လာပြီပဲ...သူရှိနေတဲ့နေရာကိုခေမီရောက်လာမယ်လို့ထင်မထားတာတော့အမှန်ပဲ။
ပြီးတော့နွေဉီးရှေ့မှာ လဲခေမီ့ကို မသိချင်ယောင်ဆောင်နေတာပဲကောင်းမယ်။နွေဉီးနဲ့ခေမီ့ ကိစ္စကသူနဲ့မဆိုင်ပေမယ့်နွေဉီးကိုသူအားနာတယ်။
YOU ARE READING
?Daffodils[Complete]
Romanceတောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြိမ့်drama ဇာတ်လမ်းလေးတွေကြိုက်သူတွေအတွက်ပိုအဆင်ပြေမှာပါ...
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဉီးကိုသဘောကျတယ်
Start from the beginning