part 26

8.3K 299 12
                                    

"လွှာရောထမင်းလာမစားပါလား ဘာဖြစ်လို့များလဲ"

ညစာစားတော့ လွှာ့ကိုမတွေ့၍ ဦးကျော်မင်းမေးလိုက်သည်။

"ဟို မမသိပ်နေမကောင်းလို့ပါ"

ဆောင်းလိမ်ဖြေလိုက်သည်။အမှန်တော့မမက ညနေကကိစ္စကြောင့် ရှက်ပြီးအပြင်ထွက်ဖို့မဝံ့မရဲဖြစ်နေတာပါ။

ဒေါ်မေသက်ထားကလဲ သဘောပေါက်သည်။လွှာဆိုတဲ့မိန်းကလေးကအတော်ကိုအရှက်ကြီးတာပဲ။

"ဟုတ်လားသမီး ဘယ်လိုဖြစ်ရတာလဲ ဆေးခန်းမသွားဘူးလား...သမီးမင်းမမကိုသေချာဂရုစိုက်ပေးလိုက်ဦး ဒီအတောအတွင်း သမီးအတွက်နဲ့တော်တော်ပင်ပန်းခဲ့ရတာ"

"ဟုတ်ကဲ့ ဖေဖေ"

ဖေဖေက အဟုတ်ကြီးမှတ်ပြီးစိတ်ပူနေရှာသည်။ဖေဖေတို့တွေ စားသောက်ပြီးတော့ ဆောင်းမမအတွက် ကော်ဖီဖျော်ပြီး ပေါင်မုန့်ကြက်ဥကြော်လိုက်ကာမမအခန်းကိုထွက်ခဲ့သည်။

"မမ"

"မမ ဗိုက်မဆာဘူးလား မမအတွက်ဆောင်းကိုယ်တိုင်ကြော်လာတာ"

ကော်ဖီခွက်နဲ့ပေါင်မုန့်ကြက်ဥကြော်ပန်းကန်ကိုစားပွဲပေါ်ချရင်းပြောလာတဲ့ဆောင်းလေး။လွှာကြည့်လိုက်တော့ ပေါင်မုန့်ကြက်ဥကြော်ကမီးအနဲငယ်ပင်တူးနေသည်။လွှာပြုံးမိသွားသည်။ဒီကောင်မလေး မတတ်တတတ်နဲ့လုပ်လာခဲ့တာပဲ။

မမကပြုံးလိုက်တယ်။ကြည့်ရတာမမစိတ်ပြေသွားပြီထင်ပါတယ်။

လွှာပေါင်မုန့်တစ်ချပ်ကိုယူစားလိုက်သည်။အနည်းငယ်ခါးသက်သက်အရသာရှိပေမယ့် ကောင်းပါတယ်။လွှာချစ်တဲ့ဆောင်းလေးရဲ့လက်ရာပဲလေ။

"ဆောင်း ဒါပထမဆုံးလား"

"ဟီး ဟုတ်တယ်မမ ဆောင်းကမေမေလုပ်ပေးတာပဲစားဖူးတာ စားကောင်းရဲ့လားမမ"

"အင်း မဆိုးပါဘူးဆောင်းကတော်သားပဲ ပထမဆုံးလက်ရာကဒီလောက်ဆိုအဆင်ပြေနေပါပြီ ပေါင်မုန့်တစ်ချပ်လုံးမီးမတူးသွားတာပဲ တော်သေးတယ်ပြောရမယ် အဟင်း"

မမကချီးကျူးသွားတာလား ကဲ့ရဲ့လိုက်တာလားပင်မသိတော့ပေ။ဆောင်းပန်းကန်ထဲက ပေါင်မုန့်တစ်ချပ်ကို ယူစားကြည့်လိုက်သည်။

ချစ်ဝဋ်ကြွေး‌ရယ်မပြေစေလိုΌπου ζουν οι ιστορίες. Ανακάλυψε τώρα