အပိုင်း (၂၁)

Start from the beginning
                                    

" ငါ ..... "

" မင်းသွားတော့ ... !"

ထပ်မံပြီးနှင်ထုပ်လာသည့်သူငယ်ချင်းဖြစ်သူဟာထိုလူသားကိုအင်မတန်စိတ်ပျက်သွားသည့်ပုံပါပဲ။ချစ်လွန်းလို့ ဘူဆန်ကိုတာ၀န်အတူကျချင်ခဲ့သည့်သူငယ်ချင်းနှစ်ယောက်ဟာ ယခုပက်သက်ခဲ့ဖူသည့်မေတ္တာများနှင့်လားလားမှမအပ်စပ်အောင်တယောက်တခွန်းစကားများနေကြ၏။

Jiminပြောပြလာသည့်ကောင်ငယ်လေး၏အကြောင်းတချို့ကြောင့် လူသား၏ရင်အစုံမှာတော့အနည်နာကြင်ရသလိုခံစားလာရသည်။ဒီအချိန်မှာကောင်လေးအတွက်စိုးရိမ်မိသည်ကိုတော့၀န်ခံပါလိမ့်မည်။အဘယ့်ကြောင့်ဆိုသော် သူ၏မျက်စိရှေ့မှာတင် လက်ကောက်၀တ်မှသွေးကြောများဖျက်တောက်လိုက်သည့်ကောင်လေး၏အပြုမူကြောင့်လန့်ကာ ကုသဖို့ကြိုးစားခဲ့ပေမဲ့ အိမ်တွင်ဆရာ၀န်ပစ္စည်းအပြည့်အစုံမရှိသည့်အတွက်သွေးတိတ်အောင်သာပြုလုပ်ပေးပြီး ဆေးရုံသို့အပြေးခေါ်လာရသည်။

သို့ပေမဲ့ ဆေးရုံသို့ရောက်သည့်အခါသူငယ်ချင်းဖြစ်သူဆီမှထိုကဲ့သို့အဖြစ်ကစောင့်ကြိုနေပြန်၏။သူ့ဘက်မှလည်းရှင်းပြစရာစကားပျောက်ရှနေပြန်တော့ သူငယ်ချင်း၏အပြစ်တင်ဝေဖန်ခြင်းကိုသာခံရသည်။

Jimin၏စကားလုံးများကနားထဲသို့အထပ်ထပ်ကြားယောင်လာပြီး ရင်အစုံဝဲဘက်မှတဆစ်ဆစ်နှင့်နာကြင်လာရသည်။Jiminပြောသည့်အတိုင်လွတ်လပ်ခွင့်ပေးလိုက်ပါမည်ဆိုတော့လည်း သူတို့နှစ်ဦး၏အခြေနေကချစ်သူရည်းစားမဟုတ်ပါပဲ လက်ထပ်ထားကြသည့်သူများဖြစ်ကြ၏။

သို့ပေမဲ့...

" ငါမင်းကိုလွတ်လပ်ခွင့်ပေးရမယ်တဲ့ ။ ငါ့စိတ်အလိုမရည်ရွယ်ပဲပြုလုပ်မိလိုက်တဲ့အရာတိုင်းကမင်းသေစေလောက်တဲ့အထိနာကြင်ခက်ခဲစေခဲ့ရင် ငါလွတ်လပ်ခွင့်ပေးပါ့မယ် ။ တစ်ခုပါပဲ ... ငါမင်းကိုတော့မချစ်ပါရစေနဲ့ ။

အစကတည်းကငါကတစ်ယောက်သောသူကိုရည်ရွယ်ပြီးချစ်ခဲ့တာမို့ နောက်တယောက်ကိုထပ်မချစ်နိုင်ဘူး ။ အဲ့လိုတွေမင်းကငါ့ကိုချစ်ခဲ့လို့ ... ငါ့အနားကိုမင်းရောက်လာခဲ့လို့ ... ဒီလိုတွေဖြစ်ခဲ့ရတာမင်းနားလည်မယ်ဆိုရင် ငါ့အနားကနေဘာအစွဲအလမ်းစိတ်မှမရှိပဲ ထွက်သွားပေးပါ ။ ငါလည်းနောင်တမရပဲမင်းကိုလွတ်လပ်ခွင့်ပေးပါ့မယ် ...

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now