အပိုင်း(၂၁)

Start from the beginning
                                    

"အင်း ငါတွေ့ခဲ့တယ်။ အကိုနဲ့။ အိပ်မက်ထဲမှာ"

"နင် စိတ်စွဲနေတာကြောင့်ပါ"

"အင်း တစ်ခုခုဆိုလည်း Phစဆက်လိုက်ဟာ"

"အေးလေ နော် Gun"

သူငယ်ချင်းမနှစ်ယောက်က Gunကို ဝိုင်းဝန်း နားချလေတယ်။ ကျွန်တော် တကယ်ပဲ သူတို့ပြောသလိုပဲ အကို Offကို Phဆက်လိုက်ရမလား။ ကိုကို့ကိုပြောတော့ တစ်ရက်၊နှစ်ရက်နေရင် ပြီးပြီပြောပြီး....။ Gunသာ ခရီးထွက်လာတယ်။ အကိုOffကို မတွေ့ခဲ့ရပေ။ အကိုOff တကယ်ကို Gunကို မမြင်ချင်တော့ဘူး ထင်ပါရဲ့။

_________________________________________

မျက်နှာကျက်မှ ကြမ်းပြင်အထိ ရှည်လျားသော ပြတင်းပေါက်၏ဘေးတွင် လူတစ်ယောက်သည် ရပ်နေခဲ့၏။ သူသည် Ph၏ မျက်နှာပြင်ကိုကြည့်နေရင်းမှ ပြုံးလိုက်လေသည်။ ပြီးနောက် သူသည် Ph နံပါတ်တစ်ခုကို ခေါ်လိုက်တယ်။

"အေး ငနာ။ ငါကတော့ စောင့်နေလိုက်ရတာ။ ငယ်လေးတို့ ခနနေရောက်မယ်။ မင်းသာ အဆင်သင့်ပြင်ထား။ ကလေးကို စိတ်မကောင်းဖြစ်အောင် ထပ်မလုပ်နဲ့"

Phခေါ်ခေါ်ချင်းမှာပဲ တစ်ဖက်က နားစည်ကွဲမတတ် ဟောက်လိုက်သံကို အရင်ကြားလိုက်ရတယ်။ သို့သော်လည်း Offမှာ သဘောတကျ လေသံမျှင်းမျှင်းလေးဖြင့် ရယ်မောလိုက်သံက ထွက်ပေါ်လာလေသည်။

"အေးပါကွာ၊ ငါ ငယ့်ကို သေချာစောင့်ရှောက်ပါ့မယ်"

"ပြောတာပဲ၊ ပြီးမှ ဟိုလူကယ်ပါ၊ ဒီလူကယ်ပါ၊ လာမလုပ်နဲ့"

"Ok...Ok... ငယ် စိတ်မပျက်စေရပါဘူး"

"ငါ စိတ်ချမယ်"

"အင်း!!!"

တီကနဲ Phကျသွားသံနဲ့အတူ အဆောက်အဦး၏ ဘေးဘက်က ပြေးလမ်းပေါ်ကို လေယာဉ်တစ်စီး ဆိုက်ကပ်လာသည်။ လေယာဉ်ဘီးများအားလုံး ငြိမ်သက်သွားချိန်မှာတော့ ကြိုရောက်နှင့်နေသည့် ကားအနက်ရောင်(၆)စီးက အဆင်သင့်။ ထိုအနီးနားမှာတော့ လူတွေအနည်းငယ် ရှုတ်ယှက်ခတ်သွားလေတော့သည်။

"ဝှားးးးး ကျွန်းကြီးက အကျယ်ကြီးပဲ Tulip...Tulip ငါ့ကို လေယာဉ်ကြီးနဲ့ ပုံလေးတစ်ပုံရိုက်ပေး ပြီးရင် ငါတို့သုံးယောက်ပုံ ရိုက်အုံးမယ်"

မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) Where stories live. Discover now