Chapter-27(ပင်လယ်ထဲကလက ပုံရိပ်ယောင်သက်သက်ပဲ)

Start from the beginning
                                    

" မင်း ငါ့ကို အရင်မတောင်းပန်ပဲနဲ့ ဘာလို့ ငါ့ကို လာပို့တဲ့သူကို စိတ်ဝင်စားနေရတာလဲ..."

"အဲ့တုန်းက ငါတကယ်အလောကြီးသွားလို့ပါ...ငါ တကယ်တောင်းပန်ပါတယ်နော်...ရှန်ဟွာ" ရိုးသားစွာတောင်းပန်နေသည့်ဟန်စုမင်ရဲ့အမူအရာဟာ အခြားသူတွေကို ဖမ်းယူနိုင်ပေမယ့် ငယ်ငယ်ထဲက ဆက်ခံသူနေရာအတွက်တိုက်ခိုက်လာသည့် ရှအန်းထျန်းတို့အတွက်ကတော့ ဟန်စုမင်ရဲ့ဟန်ဆောင်မှုတွေကို မြင်နေရသည်၊သူတို့ဟာလည်း ကျောင်းသူကျောင်းသားတွေကို တိုးဝှေ့လာရင်း ကုဖုန်းမော့ဟာ

"ဒါအရမ်းသိသာလွန်းတယ် မထင်ဘူးလား?တစ်ယောက်က တကယ်နာကျင်နေပေမယ့် နောက်တစ်ယောက်က လူတိုင်းရဲ့သနားကြင်နာမှုကို ရအောင် တခြားသူရဲ့ခံစားချက်ကို လှည့်ဖြားနေတယ်ဆိုတာလေ..." လို့ ပြောလာတော့ အကုန်လုံးဟာ အခုမှ ကျောင်းရဲ့ဒဏ္ဍာရီတွင်လောက်တဲ့ သူတို့မင်းသားနှစ်ယောက်ကို တွေ့လိုက်ရသဖြင့် မျက်နှာလေးများနီရဲကုန်ကာ နောက်ဆုတ်သွားကြတော့သည်၊နောက်တော့ သူတို့ဟာ ကုဖုန်းမော့စကားရဲ့အဓိပ္ပါယ်ကို နားမလည်ကြသဖြင့် သို့လောသိုလောဖြစ်ကုန်ကြတော့သည်၊

"မင်းက ဟန်စုမင်လား" လို့ ကုဖုန်းမော့ဟာ ရှေ့ကိုတလှမ်းတိုးလာရင်း ဟန်စုမင်ကို ကြည့်ကာမေးလိုက်တော့ ဟန်စုမင်ဟာ ခေါင်းလေးတညိတ်ညိတ်ဖြင့်...

"ဟုတ်ပါတယ် စီနီယာကု" လို့ ဖြေလိုက်တော့ ကုဖုန်းမော့ဟာ ဟန်စုမင်ကို စိုက်ကြည့်လာပြီး

"အို... မင်းက ပထမနှစ်မှာ ထင်ရှားကျော်ကြားတဲ့မင်းသားလေးမလား" လို့ ပြောပုံဟာ ရွဲ့တက်တက်ပေမယ့် ဟန်စုမင်ကတော့ ပါးအနည်းငယ်ရဲသွားကာ

"အဲ့လောက်လည်းမဟုတ်ပါဘူး စီနီယာကု...ကျွန်တော်က ဒီကျောင်းမှာ ပညာသင်ကြားနေတဲ့​ကျောင်းသားတစ်ယောက်ထက် မပိုပါဘူး" လို့ ပြန်ပြောလိုက်တော့ ကုဖုန်းမော့ဟာ ဘာမှဆက်မပြောပဲ ပြုံးလိုက်ရင်း လော့ရှန်ဟွာဘက်ကို လှည့်ကာ

"ရှန်ဟွာ... ကိုယ်က မင်းကို နေ့လည်စာစားဖို့ လာခေါ်တာကို" လို့ ရင်းနှီးစွာပြောလိုက်တော့ အခြားသူတွေကမှာ ကုဖုန်းမော့နဲ့လော့ရှန်ဟွာတို့ပတ်သတ်မှုကို စိတ်ဝင်စားလာတော့သည်၊လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျောင်းဖိုရမ်မှာ စီနီယာကုဖုန်းမော့က ဂျူနီယာတန်းက ကျောင်းသားတစ်ဦးကို နှင်းဆီးပန်းစည်းနဲ့ဖွင့်ပြောခဲ့သည့်သတင်းဟာ ဟုန်းဟုန်းထခဲ့သည်မလား၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now