အပိုင်း (၂၀)

Comenzar desde el principio
                                    

အာဂျီးမားကင်မ်အပေါ်သို့ ထိုကောင်လေးနှစ်ဦး၏ဆက်ဆံပုံမှာအလွန်ကွာခြားလွန်းသည်။ကောင်ငယ်လေးကနူးညံ့စွာဖြင့်အမေတယောက်လိုပြောဆိုဆက်ဆံပေမဲ့ ထိုလူသားကတော့ကောင်ငယ်လေး၏ပက်သက်သူအာဂျီးမာကင်မ်ကိုပါအမြဲလိုလိုအလိုမကျစွာဆက်ဆံတက်၏။

ဒါကလည်းထိုကောင်လေးကိုသာအက ထိုကောင်လေးနှင့်ပက်သက်သည့်အရာအားလုံးကိုထိုလူသားကမုန်းတီးနေမှုကြောင့်ဖြစ်သည်။ဆန်းကြယ်သည့်အရာတော့မဟုတ်တော့ပါ။ဒီညအတွက်ဖြစ်တည်လာမည့်ကောင်လေးနှစ်ဦး၏ပြသနာအတွက် အာဂျီးမားကင်မှာတွေးရင်းနှင့်ပင်ရင်မောရသေး၏။

~•~

" ငါသွားပြီနော် Jungkook !"

ဒယ်ဂူပြန်‌ရောက်လာပြီး ကောင်လေး၏ခြံ၀န်းရှေ့မှာကားရပ်ပေးကာ ကောင်မလေးကလိုက်ပို့ခြင်းဖြစ်သည်။သူတို့နှစ်ဦးဆိုးလ်သို့ပြန်ရောက်လာသည့်အချိန်မှာ ညနေ၃နာရီထိုးတော့မည်ဖြစ်သည်။

" အင်း ဂရုစိုတ်သွားနော် !"

‌ထိုကဲ့သို့ကောင်လကပြောသည့်အခါ ကောင်မလေးကလက်ညိုးနှင့်လက်မလေးကိုအဝိုင်းလေးပုံစံလုပ်ပြကာအိုခေဆိုသည့်သဘောဆောင်၏။ပြီးသည့်အခါ ကားလေးကတဖြေးဖြေးနှင့်ထွက်သွားသည့်အခါမှာတော့ ကောင်လေးကအိမ်ထဲသို့၀င်လာခဲ့သည်။

ခရီးဆောင်အိတ်လေးနှင့်အတူ‌အိမ်ထဲသို့၀င်လာသည့်ကောင်လေးကို အာဂျီးမားကင်မ်ကတွေ့သည့်အခါ...

" ပြန်လာတာမြန်သားပဲ သခင်လေးဂျွန် "

" ဟုတ်တယ် ... ဗြောလေးကကားမောင်းကြမ်းတော့အမြန်ရောက်လာတာ "

" ဟုတ်ကဲ့ ... အကိုလေးဂျွန် ပင်ပန်းနေလားဟင် ?"

" အရမ်းတော့မပင်ပန်းပါဘူး ... ဘာဖြစ်လို့လဲ အာဂျီးမားကင်မ် ?"

ပုံပျက်နေနှင့်မေးလာသည့်အာဂျီးမားကင်မ်၏အမေးကြောင့် လူအကဲခက်မြန်လွန်းသည့်ကောင်လေးကပြန်လည်၍မေးလာခဲ့သည်။ပြောရခက်နေသည့်အာဂျီးမားကင်မ်မှာတော့ခေါင်းလေကုက်ကာ ကောင်လေးကိုအားနာနေပုံရပုံပါပဲ စကားလုံးများကနှုတ်ဖျားကထွက်ကျမလာခဲ့ဘူးဖြစ်နေ၏။ဤသည်ကိုစိတ်မရှည်တော့သည့်ကောင်လေးက...

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedDonde viven las historias. Descúbrelo ahora