သူတို့၏ လွတ်လပ်ခွင့်ပိတ်ပင်သလိုဖြစ်နေမှာစိုးသည်ကြောင့်ဟု ဆိုကာ သော့အား အခန်းပိုင်ရှင်ကိုသာ ပေးထားကြသည်။

"ကိုကို"

"သားကြီး အဖေ့သားကြီးရယ်"

အခန်းထဲဝင်ဝင်ချင်းတွေ့လိုက်သည်က သွေးပျက်နေသော အကိုကြီးက ရေချိုးခန်းထဲဝင်ထိုင်ကာ တစ်ကိုယ်လုံးကုတ်ဖဲ့ထားပြီး
သွေးစို့နေခဲ့သည်။

ရေဖွင့်ထားလျက်သား ရေဗန်းအောကိ သတိမေ့ နေသော အကိုကြီးကိုယ်လေးကို အကိုက ပွေ့ချီကာ ကုတင်ပေါ်တင်ပေးလိုက်သည်။

ခုထိ စူးရှတို့နှစ်ယောက်မှာ ဘာတွေဖြစ်နေမှန်းနားမလည်သေး။

.......

အိပ်ယာထက်၌ငြိမ်သက်စွာအိပ်မောကျနေသော အာကာမင်းထက်အား
မိသားစုဆရာဝန်ဖြစ်သည့်ဒေါက်တာဦးမြင့်ကျော်သည်
နားကြပ်ဖြင့် သေချာစမ်းသပ်ပြီးနောက်

"ဘယ်လိုတွေဖြစ်တာလဲ ဦးမင်းထက်၊ ကလေးက အရမ်းငြိမ်တဲ့ကလေးပါ"

မိသားစုဆရာဝန်မို့
အိမ်တွင်းရေးတွေကအစသိသည်။
ဆရာဝန်သည် ဒယ်ဒီ့အား မေးသော်လည်း အဖေကတော့ သူ့အပြစ်ဟုသာ တွင်တွင်ရေရွတ်နေသည်။

"ဟုတ်ပါတယ် ဒေါက်တာ။ ကျွန်တော်တို့ သူ့ကို အဖြစ်မှန်တစ်ခုပြောပြခဲ့မိတယ်"

စူးရှအပါအဝင် အခန်းထဲတွင်ရှိသော လူအားလုံး ဒယ်ဒီ၏ အတိတ်ကစကားလုံးတွေထဲ စီးဝင်သွားခဲ့ရသည်။

"အဲ့တုန်းက ကျွန်တော်က ခင်များသိတဲ့အတိုင်း
ဒုရဲအုပ်ပေါ့။
ညီက သာမန်စီးပွားရေးတစ်ယောက်။

ဒါပေမဲ့ ကျွန်တော်တို့ နှစ်ဦးသဘောတူလိပ်ထပ်ပြီး မြဝတီမှာ အတူနေကြတယ်။
အဲ့နောက် ကလေးလိုချင်ခဲ့ပေမယ့် ကလေးမွေးစားဖို့ မိဘမဲ့ ကျောင်းတစ်ခုကိုအသွား

တာဝန်တစ်ခုနဲ့ ကျွန်တော်တို့ တခြားနေရာကို အတူတူသွားခဲ့ကြတယ်။
အဲ့တာက လူကုန်ကူးတဲ့လူတွေဖမ်းမိထားတဲ့အချိန်
ကျွန်တော်တို့ပထမဆုံးတွေ့ခဲ့တာက

သတိမေ့နေတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်။

သူ့ပုံစံက ပျော့ဖက်နေပြီး မြင်တာနဲ့ တစ်ယောက်ယောက်က မုဒိမ်းကျင့်...."

A letter to A boy who is not a boy(Completed)Where stories live. Discover now