လွှာ့ရဲ့ဆောင်းလေး လမ်းပြန်လျှောက်နေနိုင်ပြီတဲ့လား။လွှာဝမ်းသာလွန်းလို့မျက်ရည်တွေပင်ကျလာသည်။

"မမ ဘာလို့ငိုတာလဲ"

ဆောင်းမမရဲ့မျက်ရည်တွေကိုသုတ်ပေးပြီး ရင်ခွင်ထဲဆွဲဖက်ထားလိုက်သည်။

"ဆောင်း လမ်းပြန်လျှောက်နိုင်ပြီပဲ"

"မမအမှန်အတိုင်းဝန်ခံရရင်ဆောင်းလမ်းပြန်လျှောက်နိုင်တာနဲနဲတော့ကြာပါပြီ ဒါပေမယ့်မမသိရင်ဆောင်းကိုထားသွားခဲ့မှာကြောက်လို့"

ဆောင်းမျက်ရည်လေးတွေဝိုင်းလျှက်ပြောလာသည်။

"ဖြစ်ရလေဆောင်းရယ် မမဆောင်းကိုထပ်ပြီးထားသွားစရာလားမမပဲဆောင်းအိမ်ပေါ်ထိရောက်နေပြီလေ မမနောက်ဘယ်တော့မှဆောင်းကိုထားမသွားတော့ဘူးနော်"

"မိုးပြိုကျလာရင်တောင် မမဘယ်မှမပြေးဘူး ဆောင်းအနားမှာပဲနေမှာ မမရဲ့ကျန်ရှိနေတဲ့ဘဝသက်တမ်းကိုဆောင်းနဲ့ပဲဖြတ်သန်းသွားမယ်"

လွှာဆောင်းရဲ့နဖူးလေးကိုနမ်းရင်းပြောလိုက်သည်။

"ချစ်တယ် မမ"

"အင်း မမလဲအရမ်းချစ်တယ်"

လွှာဆောင်းရဲ့နှုတ်ခမ်းလေးကိုတရှိုက်မက်မက် နမ်းရှိုက်လိုက်မိသည်။ဆောင်းကလဲအနမ်းလေးတွေပြန်ပြီးတုန့်ပြန်လာသည်။

မနမ်းရတာကြာပြီဖြစ်တဲ့မမနှုတ်ခမ်းလေးကို ဆောင်းတပ်မက်စွာနမ်းမိသည်။

အချိန်အကြာကြီး အနမ်းတွေဖလှယ်ရင်း အောက်စီဂျင်လိုတော့မှ နှုတ်ခမ်းချင်းခွာလိုက်သည်။

"မမ"

"အင်း မမချစ်လေး"

မမကချစ်ရည်ရွှန်းတဲ့အကြည့်တွေနဲ့ ဆောင်းကိုပြုံးပြီးကြည့်နေသည်။

ဆောင်းမမရဲ့ကိုယ်လေးကိုလှဲချလိုက်ကာ မမရဲ့လည်တိုင်တစ်လျှောက်ကိုတပ်မက်စွာနမ်းနေမိသည်။မမကမျက်လုံးလေးမှေးစင်းကာ ဆောင်းရဲ့အနမ်းတွေကိုခံယူနေသည်။

မမရဲ့လည်တိုင်တစ်လျှောက်အနမ်းပေးရင်း မမရင်ဘတ်ပေါ်မှာmarkingတွေအများ​ကြီးပေးလိုက်သည်။

ချစ်ဝဋ်ကြွေး‌ရယ်မပြေစေလိုWhere stories live. Discover now