အပိုင်း(၉)

Comenzar desde el principio
                                    

"၀မ်ရိပေါ်"

ရှောင်းကျန့်လည်း တကယ်လန့်နေတာမို့ ရိပေါ်ကိုမြင်မြင်ချင်း ရိပေါ် ရဲ့ကိုယ်ပေါ်ကိုခုန်တက်လို့ ခွထားလိုက်တယ်

၀မ်ရိပေါ်က ရှောင်းကျန့်ဒီလိုမျိုးခုန်တက်လာမယ်မထင်တာကြောင့် အနောက်ကိုအနည်းငယ်ယိုင်သွားတယ် ယိုင်သွားတဲ့အရိှန်ကိုမနည်းထိန်းပြီး ခွတက်လာတဲ့ရှောင်းကျန့်ရဲ့ခါးကိုပြန်ဖက်ထားလိုက်ရတယ်

ရှောင်းကျန့်က၀မ်ရိပေါ်တစ်ယောက်တည်းကိုပဲမြင်တာထင်တယ် တကယ်ဆို ဘေးမှာ ယွီပင်းနဲ့ဟောက်ရွှမ်းနှစ်ယောက်သားကလည်း မျက်လုံးအပြူးသားနဲ့ရပ်နေတဲ့ဟာကို

"မင်းတအားလန့်သွားတာလား ငါကစလိုက်တာပါ"

၀မ်ရိပေါ်​ပြောလိုက်မှ ရှောင်းကျန့်က ခေါင်းထောင်ကြည့်လာတယ် ချီရက်အနေထားနဲ့ဆိုတော့ ၀မ်ရိပေါ်မျက်နှာနဲ့ရှောင်းကျန့်မျက်နှာကတကယ့်ကိုနီးနီးလေး မျက်ရည်​ေ၀့၀ဲနေတဲ့ရှောင်းကျန့်မျက်လုံးလေးတွေက စွဲမက်စရာလေး အနည်းငယ်တုန်နေသေးတဲ့နှုတ်ခမ်းလေးကလည်း ရင်ခုန်ဖို့ကောင်းတယ် ဖက်ထားရတဲ့ခါးသေးသေးလေးကြောင့် စိတ်ခံစားချက်တစ်ချို့ကထူးဆန်းလာတယ်

"၀မ်ရိပေါ် လုပ်တာလား"

ရှောင်းကျန့်စကားပြောလိုက်တဲ့အခါ ရှောင်းကျန့်ရဲ့အာငွေ့နွေးနွေးလေးက ၀မ်ရိပေါ်ပါးဆီ လာရောက်ထိတွေ့တယ် 'အား ရူးတော့မယ်ကွာ
ဘယ်လိုခံစားချက်ကြီးလဲ '

"၀မ်ရိပေါ်လုပ်တာလားလို့"

ဒီတစ်ခါအမေးမှာ ရှောင်းကျန့်က၀မ်ရိပေါ်ကိုယ်ပေါ်ကနေရုန်းဆင်းတယ် ရှောင်းကျန့်ဆင်းသွားမှ ၀မ်ရိပေါ်စိတ်နဲ့လူနဲ့ပြန်ကပ်ရှာတယ်

"အင်း ငါကစလိုက်ရုံပါ အဲ့လောက်လန့်သွားမယ်မထင်လိုက်လို့"

" စ စရာ အဲ့လောက်ရှားသလား တခြားဟာစပါလား ဒီလိုထိတ်လန့်စရာမျိုးစရလား ဟမ်"

ရှောင်းကျန့်ကတကယ်လန့်ပြီးစိတ်နည်းနည်းတိုသွားပုံပဲမို့ ၀မ်ရိပေါ်ကရှောင်းကျန့်ဘေးကိုချက်ချင်းရောက်လာတယ် ရှောင်းကျန့်ကမြေပြင်ပေါ်ငုတ်တုတ်ထိုင်တဲ့အခါ
သူကလည်း လိုက်ထိုင်တယ်

Believe ! I really fall in love with you  [ Completed ]Donde viven las historias. Descúbrelo ahora