အပိုင်း(၈)

Zacznij od początku
                                    

၀မ်ရိပေါ်က ရေခဲမုန့်ဗူးလေးကိုကိုင်လို့ အတန်းထဲ၀င်လာတယ် ရှောင်းကျန့်ကရေခဲမုန့်ဆို တအားကြိုက်တာမို့ ရှောင်းကျန့်ကတစ်နေ့တစ်မျိုးမုန့်တွေကို မထပ်အောင်စားတာ ဘာဂါ ပီဇာ spicy အစုံပဲ တစ်ခုစားပြီးတိုင်းသူ့မှာတအံ့တသြနဲ့ တကယ့်ကိုမစားဖူးတဲ့ကလေးကျနေရောပဲ အဲ့တာတွေထဲမှာ ရှောင်းကျန့်ကရေခဲမုန့်ကိုအကြိုက်ဆုံးပါတဲ့ ရှောင်းကျန့်အဲ့လိုပြောတဲ့နေ့ကစလို့ ၀မ်ရိပေါ်ကကျောင်းလာတိုင်း ရေခဲမုန့်၀င်၀ယ်လာ
တတ်တော့တာပဲ ၀မ်ရိပေါ်အတန်းထဲရောက်တော့ ရှောင်းကျန့်ကသူ့နေရာထိုင်လို့ ယွီပင်းတို့ ဟောက်ရွှမ်းတို့နဲ့အဖွဲ့ကျနေလေရဲ့ မျက်နှာကပြုံးချိုနေလိုက်တာများ ပျားရည်အိုးသူ့မျက်နှာပေါ်မှောက်ကျလာတဲ့အတိုင်း ဟိုနှစ်ကောင်ကလည်း အစကတော့ရှောင်းကျန့်နဲ့ခင်ရမှာ အင်တင်တင်နဲ့ ခုများတော့ တစ်ကျန့်တည်းကျန့်နေကြတာ အမြင်တောင်ကပ်တယ်
'မကြိုက်ဘူး ရှောင်းကျန့်ရာ မင်းရဲ့အဲ့ဒီအပြုံးတွေ အခြားသူအပေါ်အခြေတည်လို့ဖြစ်တည်လာတဲ့မင်းရဲ့အပြုံးတွေကိုငါမကြိုက်ဘူး '

"၀မ်ရိပေါ် လာပြီလား"

"အင်း ကိုယ့်နေရာကိုယ်သွား"

"၀မ်ရိပေါ် ငါ့နေရာမှာထိုင်မလား ငါယွီပင်းတို့နဲ့စကားပြောနေ.."

"မရဘူး ကိုယ့်နေရာကိုယ်ထိုင်"

ရှောင်းကျန့်စကားမပြီးခင်  ၀မ်ရိပေါ်ကစကားဖြတ်ပြောတယ် 'ဘယ့်နှယ့်ဒီလောက်တစ်မနက်လုံးပြောနေကြတာကို စကားကမကုန်နိုင်ဘူးလား ငါနဲ့တောင်နေရာလဲထိုင်ဦးမတဲ့ မရဘူးကွ'

ယွီပင်းနဲ့ဟောက်ရွှမ်းက ၀မ်ရိပေါ်ကိုအထူးအဆန်းလှမ်းကြည့်တယ် 'စောစောစီးစီး ဒီကောင်ကဘာတွေစိတ်တိုနေတာလဲဟ'

"သူ့နေရာလေးခဏထိုင်တာကို တွန့်တိုလိုက်တာ မထိုင်ဘူး မထိုင်ဘူး ငါက၀မ်ရိပေါ်နေရာကို ဘယ်တော့မှမထိုင်ဘူး တစ်သက်လုံးမထိုင်ဘူး ဟုတ်ပြီလား"

ရှောင်းကျန့်ကနှုတ်ခမ်းတစ်ထော်ထော်နဲ့ ၀မ်ရိပေါ်ကိုမကျေမနပ်ကြည့်ပြီးပြောရင်း သူ့နေရာသူ၀ုန်းဒိုင်းဆိုပြီး ပြောင်းထိုင်တယ် ၀မ်ရိပေါ်လည်းသူ့နေရာသူ၀င်ထိုင်လို့ ဘေးကရှောင်းကျန့်ဆီရေခဲမုန့်ဗူးကိုထိုးပေးတယ်

Believe ! I really fall in love with you  [ Completed ]Opowieści tętniące życiem. Odkryj je teraz