သူအတွေးလွန်နေတုန်း Jongin ကသူ့ပခုံးကိုပုတ်ကာ

"    ဘာဖြစ်လို့လဲ ? ဟိုဟာ English ဆရာလား  ဘေးက Beakhyun မဟုတ်လား ? ကြည့်ရတာ ကျောင်းကိုအတူတယ်ဆိုတော့ အခြေအနေကောင်းပုံပဲ    "

"    ဘာအခြေအနေလဲ Jongin    "

"     ငါတို့ ဂျူဂျယ် Nightout ထွက်တဲ့ညက Beakhyun က အဲ့ဆရာကို သဘောကျတယ်ဆိုပြီးပြောသေးတယ်    "

Kyungsoo တုန်လှုပ်သွားတယ် ။ သိသိရက်နဲ့တောင်အခုလို ဆက်ဆံနေသေးတာဆိုတော့ ဆရာက မငြင်းရက်တာ မှန်နေတာလား ?? ဒါဆို ဒါဆို ဘာလို့ ငါ့အပေါ်အမြဲတမ်း မျော်လင့်ချက်တွေပေးနေရတာလဲ ??

"    ဆရာကအဲ့ဒါနဲ့ စာကြိုးစားဆိုပြီး ဘာမှတော့ပြန်မပြောလိုက်ဘူး  အခုအခြေအနေက နည်းနည်းတိုးတက်လာပြီမထင်ဘူးလား ?  "

"    အင်း    "

Kyungsoo သူ့အရှေ့ကမြင်ကွင်းကိုဆက်မကြည့်နိုင်တော့ပဲ အနောက်ကိုလှည့်ထွက်သွားတော့ Jongin က တစ်ဖက်လူအနောက်ကို လိုက်သွားခဲ့တယ် ။ ဒါပေမဲ့ Kyungsoo ကတော့ Jongin ကိုဂရုပြုဖို့မအားပဲ သူ့အခန်းထဲသာ ၀င်သွားတော့သည် ။ တစ်ချိန်ပြီး တစ်ချိန် စာသင်ချိန်သာပြီးသွားတယ် ကျောက်ရုပ်ကြီးလိုထိုင်နေတဲ့ Kyungsoo သင်သမျှစာတွေကို စိတ်မပါတော့ဘူး ။ သူဟာတိုက်လိုက်တာနဲ့ ပြိုလဲတော့ပဲ ဖဲချက်ပိရမစ်တွေလိုပဲ  ။  ညိုးငယ်နေကာ တစ်ချိန်လုံး မျက်လုံးတွေရဲနေတော့သည် ။

သူကြောက်နေတဲ့ အရာတွေကို Beakhyun ကအကုန်လုပ်သွားခဲ့ပေမဲ့ သူကတော့အခုထိ အဲ့လို သတ္တိမျိုးရှိမနေခဲ့ပါဘူး ။ အငြင်းခံရမှာကြောက်ပြီး ဆရာ့ဆီက စိတ်ပျက်တယ်ဆိုတဲ့အကြည့်မျိုးကို ခံနိုင်ရည်မရှိဘူး ။ Kyungsoo အတွက်ကတော့အကုန်လုံးကထူးဆန်းနေဆဲပဲ ဘ၀မှပထမဆုံး အချစ်ဦးလေ ။ အသက်ရှူလို့တောင်မ၀ဘူး

ဒီဇာတ်လမ်းကို စောစောရပ်လိုက်ရင် သူကလွဲ အမေရော ဆရာပါ အကုန်စိတ်ချမ်းသာမဲ့ရလဒ်မျိုးလေ ။ မေ့ချင်ပြီ  ကိုယ့်ကိုကိုယ်လက်သင့်ခံဖို့ မနည်းကြိုးစားထားရပေမဲ့ နာကျင်မှုတွေအတွက်တော့ မရင်းချင်တော့ဘူး ။ အခုဆို ဆရာလည်း သူချစ်တဲ့လူကို အနှေးနဲ့အမြန် တွေ့မှာပဲလေ  သူကသာ အရှုပ်ထုပ်ကြီးဖြစ်နေခဲ့တာပဲ ။။။

Secret MonsterWhere stories live. Discover now