အပိုင်း(၁၉)

Start from the beginning
                                    

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

"ကိုကိုတို့ ကျွန်တော် ကျောင်းသွားပြီ"

Gunသည် အိမ်အပေါ်ထပ်က ဆင်းလာတော့ ကိုကိုနဲ့ အကိုNewတို့နှစ်ယောက်ကို အလုပ်ခန်းထဲ ဝင်ရောက် နှုတ်ဆက်လိုက်ပြီး အိမ်ရှေ့ထွက်လာခဲ့သည်။

အခုဆို ကိုကို့အလုပ်တွေကို အကိုNewက အကူညီပေးနေသလို ကိုကိုကလည်း ယခင်ကအတိုင်း အကိုNew၏ မော်ဒယ်လုပ်ငန်းကို ပြန်လည်လုပ်ကိုင်စေ၏။ နှစ်ယောက်က အဆင်ပြေနေဟန်ကို အတိအလင်းဖော်ပြနေလေတယ်။ သို့ပေမယ့် အရင်ကလိုတော့ အချိန်ပြည့် အလုပ်မလုပ်စေဘဲ လုပ်ငန်းကျွမ်းကျင်သူတစ်ယောက်ကို ထပ်ထည့်ပေးကာ အကိုNewကို တစ်ခါတလေ သွားရောက်စစ်ဆေးစေသည်။ ကိုကိုသည် အကိုNewကို ချစ်၏။ အကိုOffကရော...??? သူ့အမှားတွေအတွက် အားနာရုံသပ်သပ်ပဲ Gun ဆီကိုပြန်လာတာလား။ အမှန်တကယ်ကို Gunအပေါ် စိတ်ရှိနေတာလားဆိုတာ Gunက အချိန်တစ်ခုကို စောင့်ဆိုင်းရုံသာ တတ်နိုင်လေ၏။ တစ်နေ့... အကိုOffက Gunကို မချစ်ဘူးဆိုတဲ့ အမှန်တရားကို သိရတဲ့တစ်နေ့ကျရင် မိမိလမ်းကိုဆက်လျှောက်ရုံသာ Gunတတ်နိုင်သည်။ အကိုOffကတော့ သူချစ်ရသူနှင့် သူနှစ်သက်ရာလမ်းမှာ ပျော်ရွှင်ပါစေ။

တီ တီ!!!

အိမ်ရှေ့အရောက် နောက်ဆုံးပေါ် ကားတစ်စီးက အဆင်သင့် စောင့်နေလေသည်။ Gunကို အကြိုအပို့လုပ်နေတဲ့ ကားအနက်ရောင်တွေကတော့ ထိုကား၏အနောက်တွင် ရပ်တန့်ထားသည်။ မှန်တံခါးက ဖြည်းဖြည်းချင်းလျောကျသွားတော့ မြတ်နိုးရတဲ့ မျက်နှာက ကားမောင်းသူနေရာမှာ ပေါ်လာသည်။

"ခင်ဗျားက အလုပ်မသွားဘူးလား"

ထိုမြတ်နိုးရာမျက်နှာကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်ပြီး မေးလိုက်ရာ...

"တက် ငယ်... ကိုယ်ကျောင်းလိုက်ပို့မယ်"

ပြောလည်း မရမယ့်အတူတူ Gunသည် ထိုကားထဲသို့သာ လိုက်ပါစီးနင်းလိုက်ရသည်။

ကားနောက်ခန်းထဲ စွေ့ကနဲ ဝင်ထိုင်လိုက်သည့် သခင်လေးအလိုကျ ယနေ့တွင် Offသည် Driverကောင်း ပီသစွာပင် ကားကို ညှင်သာစွာ မောင်းထွက်လိုက်သည်။ နောက်ကြည့်မှန်မှ မြင်နေရသည့် မျက်နှာလေးသည် သူ၏ချစ်ရသူပင်။ ထို့အတွက်ကြောင့် Offနှလုံးသားလေး နွေးထွေးသွားလေတော့သည်။

မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) Where stories live. Discover now