အပိုင်း (၁၉)

Start from the beginning
                                    

" အဲ့လိုစွာနေလို့ နင့်ကိုဘယ်သူမှလာမကြိုက်တာ ။ ဘလ ဘလ ..... !"

လျှာလေးထုပ်ပြီးပြောင်ပြကာ ကောင်မလေးကိုစိတ်ဆိုးအောင်စနောက်ပြီးဒန်းလေးပေါ်မှထပြေးသွား၏။ထိုအချိန်ထိုမြင်ကွင်းဟာ အရင်တချိန်ကသူငယ်ချင်းနှစ်ယောက်၏ လွတ်လပ်စွာပျော်ရွှင်စနောက်နေကြသည့်မြင်ကွင်းမျိုးလေးနှင့်တူလို့နေသည်။

စချင်းတိုင်းစပြီးသည့်အခါကောင်မလေး၏ခြေထောက်ပွန်းရာကိုဆေးထည့်ပေးရန်အတွက်Convenient Storeသို့ ထွက်လာခဲ့၏။

ထိုလူသား၏အချုပ်အနှောင်မှကင်းလွတ်ပြီး အေးချမ်းသည့်နေရာဒေသလေးသို့ရောက်ရှိနေသည့်အတွက်ကောင်လေး၏မျက်နှာငယ်ဟာပြုံးပန်းဆင်လို့ရယ်။တနေကုန်စက်ပိတ်ထားသည့်ဖုန်းလေးကို စက်ပြန်ဖွင့်လိုက်သည့်အခါ Miss calledပေါင်းများစွားနှင့်Msgများစွာကဖုန်းထဲသို့အဆက်မပြက်၀င်လာခဲ့သည်။သို့ပေမဲ့ ထိုအ၀င်ဖုန်းများနှင့်စာများတွင်ထိုလူသား၏အမည်လေးနှင့်စာရော အ၀င်ဖုန်းရောမပါ၀င်လာခဲ့ပါ။

စိတ်ပျက်သည့်အပြုံးလေးတစ်ခုအားဖန်တီးကာဖုန်းလေးကိုဘောင်းဘီအိပ်ကပ်ထဲသို့ပြန်ထွက်၍လမ်းဆက်လျှောက်လာခဲ့၏။

" ကဒ်နဲ့ရှင်းလို့မရပါဘူး ငွေသားနဲ့ပဲရှင်းပေးပါရှင့် "

" ဗျာ ... !"

Walletထဲတွင်ငွေသားမဆောင်ပါပဲ ကဒ်ပဲဆောင်‌တက်သည့်ကောင်လေးမှာ ဒယ်ဂူမြို့လေး၏Convenient Storeလေးထဲတွင် ယူပြီးသားပစ္စည်းများကိုငွေရှင်းရန်အတွက်အခက်တွေ့နေ၏။

" အားနာလိုက်တာ ! ကျနော့်မှာကဒ်ပဲပါတယ်ဗျ "

" အဲ့ဒါဆိုနေရာမှပြန်သွားထားလိုက်ပါ !"

" ဟမ် !"

ရင့်သီးသည့်စကားလုံးများနှင့်ပြောလာသည့် ငွေရှင်းကောင်တာမှမိန်းကလေး၏စကားကြောင့် ကောင်လေးမှာအာမေဍိတ်လေးပါထွက်လာရသည်အထိအံ့ဩမိသည်။

" မင်းCustomerကိုဘယ်လိုဆက်ဆံနေတာလဲ ?"

ကောင်လေး၏နောက်ကျောမှ တန်းစီနေသည့်Customer၏စကားသံဖြစ်သည်။ထိုလူ၏အရှေ့မှအခက်တွေ့နေသည့်ကောင်လေးကပြေပြေလည်လည်နှင့်ရှင်းပြပေမဲ့ ကောင်တာမှကောင်မလေးကရင့်သီးစွာပြောလာသောကြောင့် သူ၀င်ပါရခြင်းဖြစ်သည်။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now