"ဖွန်ကြောင်လွန်းတဲ့ ကိုကို သာထူးအောင်ကို ကျွန်တော်လင်းရာကပဲ တောင်းပန်ပါတယ်နော်။ ကျေးဇူးပြုပြီး ကျွန်တော့်အနားကို လာခဲ့ပေးပါ"

ထိုသို့ပြောမှ အနားကို ရောက်ချလာလေသည်။

"ထူးခြား ကျောင်းမလာဘူးလား"

"သူက ဒီနေ့ ကျောင်းမလာရင် ချစ်သူနဲ့လျှောက်လည်နေတယ်ဆိုပြီး စော်ရှိတယ်လို့ လူအထင်ခံရလည်း နည်းလားဆိုပြီး လူအထင်ကြီးခံရအောင် ကျောင်းမလာတာနေမှာပေါ့"

"ဟျောင့် သာထူး မင်းဘယ်သူ့ကို ပြောတာလဲ"

အတန်းထဲကို ဝင်လာသည့် ထူခြားကမေးတော့ သာထူးခေါင်းလေး ပုဝင်သွားပြီး မျက်နှာချို စသွေးပါတော့သည်။

"ဟာ ထူခြား သူငယ်ချင်း။ ခုမှ ကျောင်းလာတာလား။ ဘာလို့နောက်ကျနေတာလဲ"

"မင်း ငါ့အတင်းကို ဘာတွေပြောနေလဲသိအောင် တမင်နောက်ကျပြီးမှ လာတာ"

"မင်းကလည်း ငါကမင်းအတင်းကို ဘာလို့ပြောရမှာလဲ။ ပြောစရာလား"

"နေပါ ခုပဲ လူအထင်ကြီးခံရ နည်းလားဆို"

"မင်းကိုပြောတာ မဟုတ်ဘူး။ ဇေယျာ့ကိုပြောတာ"

"နေပါ"

အတန်းထဲ စဝင်လာထဲက သာထူးနဲ့ ထူးခြား စတင်ပြီး စကားနိုင်လု‌နေပါပြီ။ နှစ်ယောက်ထဲ တရစပ် ရေပက်မဝင်ကို ပြောတာပါ။ ထိုသို့ပြောသည့်အချိန်တိုင်း သူတို့နှစ်ယောက်ကြားကို ဘယ်တော့မှ ကြားလူဝင်လို့မရခဲ့ပေ။

"ဒါနဲ့ ဘာလို့နောက်ကျနေတာလဲ"

"ငါ့ဆိုင်ကယ် ပျက်နေလို့ ကြာနေတာ"

"ဪ . . . အဆင်ပြေသွားပြီလား"

"ဟင့်အင် မပြေဘူး။ ကိုကြီးစစ်ပိုင်က သူ့ဆိုင်ကယ်ထားခဲ့လို့ အဲ့ဒါ ကိုကြီးစစ်ပိုင်ဆိုင်ကယ်ကို ယူလာတာ"

"ဪ . . . တော်သေးတာပေါ့။ သူက အဲ့လိုကြပေးတယ်လား"

"အင်း။ ကိုကြီးစစ်ပိုင်က အရမ်းသဘောကောင်းတာ။ သူ့သူငယ်ချင်တွေဆို သူ့ပစ္စည်းတွေချည်းပဲ ယူသုံးကြတာ။ ဘာတစ်ခွန်းမှ မပြောဘူး။ အဆောင်မှာ ငါတို့သုံးတဲ့ ပစ္စည်းအားလုံးရဲ့ တစ်ဝက်လောက်က ကိုကြီးစစ်ပိုင်ပစ္စည်းတွေ"

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now