Prologue (ပဏာမ)(U+Z)

2.1K 204 1
                                    

[Unicode]

Prologue (ပဏာမ) 

ကျွန်တော် ပြတင်းပေါက်တံခါးကို အချိန်မီလေး ဖွင့်လိုက်ပြီး မျက်လုံးတွေပိတ်လျက်သားနဲ့ မပျယ်လွင့်သေးတဲ့ လေထုထဲက အစိုဓာတ်တွေအကုန်လုံးကို နမ်းရှိုက်လိုက်တယ်။

မိုးရွာသွန်းတော့မယ့်ပုံပေါက်နေပြီးတော့ ရာသီဥတုက နည်းနည်းပူနေတယ်။ ဒါပေမဲ့ သူရောက်လာတော့မယ်။

သူ့မျက်နှာမှာ ဖြူဖျော့ဖျော့အသွေးအရောင်ရှိပြီး ဆံနွယ်တွေက ကျီးနက်တစ်ကောင်ရဲ့ အမွေးအတောင်တွေနဲ့ ဆင်တူလှစွာ နက်မှောင်တောက်ပြောင်နေတယ်။ သူက လမ်းလျှောက်ရင် ခေါင်းကို သိပ်မမော့ဘဲ လျှောက်တတ်ပြီး သူ့ဘယ်ဘက်လက်မှာ လက်မဝက်လောက်ရှည်တဲ့ အမာရွတ်တစ်ခုက နေရာယူထားတယ်။ ဒီနေ့လို သိပ်ပူပြင်းတဲ့ နေ့လယ်ခင်းတွေမှာဆို ရှပ်အကျႌကို ရင်ဘက်လောက်ထိ ကြယ်သီးဖြုတ်ထားပြီး၊ အကျႌလက်တွေ ပင့်တင်ထားတတ်တယ်။ သူ့ရဲ့ သပ်ရပ်ပြီး ချွေးစိုနေတဲ့ နားသယ်မွေးတွေနဲ့အတူ စိမ်ပြေနပြေလေး ရောက်လာလိမ့်မယ်...

သူ့ခြေသံတွေကိုကြားနေရတဲ့အလျောက် အဲဒီစည်းချက်နဲ့အညီ ကျွန်တော့်ခေါင်းထဲမှာ တိတ်တိတ်လေး နောက်ပြန်ရေနေမိတယ်။ ကျွန်တော့်စိတ်ကူးထဲမှာ နေရာယူထားတဲ့ထိုသူကို မျက်လုံးဖွင့်ကြည့်လိုက်ပြီးတော့ ကျွန်တော့် ကိုယ်ပိုင် စိတ်လှည့်စားမှုလေးတစ်ခုဖြစ်တဲ့ "အကောင်အထည်ပေါ်လာတဲ့ စိတ်ကူးအိပ်မက်လေးတစ်ခု" ကို ဖန်တီးနေလိုက်တော့တယ်။

အာ..သူက သူနဲ့အတူ ငါးခြောက်တစ်ဆုပ်ကို ယူလာပြီး လူသွားလမ်း ကျဉ်းကျဉ်းကျုပ်ကျုပ်ထဲမှာ ခဏတဖြုတ် အချိန်ဆွဲပြီး ကြောင်ရိုင်းတစ်သုတ်ကို အစာကျွေးနေတယ်။

တကယ့်သူရဲဘောကြောင်သူတစ်ယောက်လိုပဲ ကျွန်တော် ခပ်လှမ်းလှမ်းကထောင့်တစ်နေရာမှာ ပုန်းလိုက်ပြီး ကိုယ့်ကိုယ်ကို တိတ်တိတ်လေး ပြန်မေးလိုက်တယ် "ကျွနု်ပ် သင့်ကို နွေရာသီရဲ့တောက်ပသောနေ့တစ်နေ့နဲ့ နှိုင်းယှဉ်လို့ရမလား"

သူက တစ်ခုခုကို ခံစားမိပုံရတယ်၊ သူ့ရဲ့ အမာရွတ်ရှိတဲ့ ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး ကြောင်ရိုင်းရဲ့ခေါင်းကို ပွတ်သပ်ပြီး ပြုံးနေသည်မှာ ကျွန်တော့်ကို အဖြေပေးလိုက်တဲ့အတိုင်းပင်။

ASSASSINATE (刺杀) by Priest (Myanmar translation) (U+Z)Where stories live. Discover now