အပိုင်း(၆)

Start from the beginning
                                    

ရှောင်းကျန့်က ဒန်းပေါ်ထိုင်နေတဲ့သူ့အစ်မမျန်မျန်ကို တစ်ချက်လှမ်းကြည့်လို့ ဆပ်ပြာမြုပ်ရေပုံးကိုဆွဲရင်း ပန်းခြံလေးထဲ လျှောက်လာခဲ့တယ် ပန်းခြံထဲရောက်တော့ ရေပုံးကိုဘေးမှာချလို့ လက်ထဲကရေပိုက်လုံးရဲ့အရှေ့ထိပ်ကို ဆပ်ပြာမြုပ်ထဲနစ်ပြီး ထုတ်လိုက်တယ် ပြီးတော့ ရေပိုက်လုံးရဲ့အနောက်ဘက်ကနေ ပါးစပ်နဲ့မှုတ်လိုက်တော့ ဆပ်ပြာပူပေါင်း ခပ်ကြီးကြီးတွေ ထွက်လာတယ် ရှောင်းကျန့်က လေထဲလွှင့်နေတဲ့ ဆပ်ပြာပူပေါင်းတွေကို လိုက်ဖမ်းလိုက် ပိုက်ကိုဆပ်ပြာမြုပ်ထဲနစ်ပြီးထပ်မှုတ်လိုက်နဲ့ တစ်ဟီးဟီးရယ်ရင်းကစားနေတာများ တကယ့်ကလေးလေးကျ​ေနရော

ရိပေါ်ရှေ့ကမြင်ကွင်းကြောင့် တကယ်ကိုမင်သက်သွားမိတာ ဒါကကျောင်းက ရှောင်းကျန့်ရဲ့ပုံစံနဲ့လုံး၀ကိုကွဲပြားနေတယ် ကျောင်းကဘယ်သူမှမသိတဲ့ရှောင်းကျန့်ရဲ့တစ်ဖက်ခြမ်းထင်ပါရဲ့ အတန်းထဲကဘယ်သူမှမသိတဲ့ရှောင်းကျန့်ရဲ့အခြားပုံစံတစ်မျိုးကို ပထမဆုံးသိတာ မြင်ဖူးတာ ငါပါလားလို့ တွေ့မိတဲ့အခါ ရိပေါ်က ဂုဏ်ဆာမိသေးတာ ပြီးတော့အဲ့လူဒီလိုမျိုးပြုံးရယ်နေတာ သိပ်ကိုလှတာပဲ အပူပင်မရှိတဲ့ ဘာသောကဆိုတာမျိုးကိုမှမသိတဲ့ ဖြူစင်တဲ့ကလေးလေးလိုပဲ ဒီလူရဲ့တစ်ဖက်ခြမ်းကတော့ အမြဲထိုင်ကြည့်နေချင်စရာကောင်းလောက်အောင်သိပ်ချစ်ဖို့ကောင်းတယ်
ရှောင်းကျန့်နဲ့ပတ်သတ်ပြီး ရိပေါ်ကပြုံးမိနေပြန်ပီ ဒါပေမယ့်ခက်တာကိုသူဒီလူကြောင့် ခံစားရတဲ့ခံစားချက်လေးတွေနဲ့အပြုံးလေးတွေကို ရိပေါ်ကသတိမမူမိပြန်ဘူး

"အကိုထျန်းရန် အဲ့ဘက်ခြံကလူမနေဘူးမို့လား လူသစ်တွေပြောင်းလာတာလား"

"မဟုတ်ပါဘူးကွ သူတို့အဲ့ဒီမှာနေတာ ကြာလှပေါ့"

"ဟင် ကျွန်တော်ဒီမှာလာနေတိုင်း အဲ့ဘက်ခြံကတံခါးပိတ်ထားတာလေ လူနေတာလည်း တစ်ခါမှမမြင်ဖူးပါဘူး"

"သြော် နွေကျောင်းပိတ်ရက်ဆို သူတို့က ဒီမှာမနေကြဘူးလေ "

"သြော် အဲ့ဒါကြောင့်ကိုး"

ဟုတ်တယ် နွေကျောင်းပိတ်ရက်ဆို မျန်မျန်က သူ့မားမားဆီမှာ သွားနေပြီး ရှောင်းကျန့်နဲ့ဦးလေးယွီကတော့ ချုံရန်ဆိုတဲ့ရွာလေးမှာ သွားနေတတ်တယ် အိမ်ကအလုပ်သမားအချို့ကိုတော့ အဲ့ဒီအချိန်ဆို သူတို့ရွာသူတို့ပြန်ခိုင်းပြီး အနားပေးထားလိုက်တယ်

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now