အခန်း(၁၀၇)အိပ်ခန်းထဲက ဝမ်နျဲ့နျန်ရဲ့ ကိုယ်သင်းနံ့

Start from the beginning
                                    

သူ့တစ်ကိုယ်လုံးက ဝမ်နျဲ့နျန်ရဲ့ ရနံ့တွေနဲ့ ဖုံးလွှမ်းနေတာကို ကုယျန်ရှန်းသတိထားမိလိုက်ပြီး သူ့မျက်ဝန်းတွေက တုန်လှုပ်သွားသည်။

'သူ အိမ်မက်ဆိုးတွေမမက်ဘဲ အချိန်အကြာကြီး အိပ်ပျော်သွားခဲ့တာ ... ဝမ်နျဲ့နျန်ရဲ့အခန်းမှာ ရှိနေခဲ့လို့လား..'

အဝတ်ဗီဒိုထဲက ဝမ်နျဲ့နျန်ရဲ့ အဝတ်အစားတွေမရှိတော့တဲ့ နေရာလွတ်ကိုကြည့်ပြီး မှိုင်တွေသွားတဲ့ မျက်ဝန်းတွေနဲ့ ကုယျန်ရှန်း အိပ်ရာပေါ်မှ ထကာ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။

မီးဖိုချောင်ထဲ၌ အန်တီလန်က အေးစက်နေတဲ့ စွပ်ပြုတ်ပန်းကန်ကိုနွေးပြီး စားပွဲပေါ်ပြန်တင်ထားလိုက်သည်။
မကြာလိုက် ကုယျန်ရှန်းလည်း အိမ်ပေါ်ထပ်မှ ဆင်းလာသည်။
တည်တင်းနေတဲ့ မျက်နှာထားနဲ့ ဘာစကားမှလည်း မဆိုဘဲ ထမင်းစားပွဲတွင်၀င်ထိုင်လိုက်သည်။ တိတ်ဆိတ်စွာနဲ့ ထမင်းစားခန်းမှ ပြန်မထွက်သွားခင်အထိ ကုယျန်ရှန်းစားခဲ့သည်က စွပ်ပြုတ်အနည်းငယ်မျှသာ။

"ဆရာ"

အန်တီလန်က ကုမ္ပဏီသွားတော့မယ့် ကုယျန်ရှန်းကို လှမ်းခေါ်လိုက်သည်။

"ဘာဖြစ်လို့လဲ"

ကုယျန်ရှန်းက အန်တီလန်ဘက်ပြန်လှည့်ပြီး စိတ်မရှည်စွာပြန်မေးလိုက်သည်။

"ဟို မဒမ်က ဘယ်ဆေးရုံမှာရှိနေတာလဲ ဟင်။ အန်တီလန် မဒမ်ကို သွားကြည့်ချင်လို့ပါ။ မဒမ်ကို စိုးရိမ်နေလို့..."

"ကျွန်တော် သူ့နဲ့ ကွာရှင်းပြီးပြီ။ သူက ကုမိသားစုနဲ့ ဘာမှမပတ်သတ်တော့ဘူး။ သူ့အတွက် စိတ်ပူပေးစရာလည်း မလိုဘူး။"

"ဒါပေမယ့် ဆရာ ..."

"အန်တီလန် ကိုယ်လုပ်သင့်တာပဲလုပ်ပါ။ မမေးသင့်တဲ့ ကိစ္စတွေကို မမေးနဲ့။ ပြီးတော့ ဝမ်နျဲ့နျန်က ကျွန်တော်နဲ့ ကွာရှင်းပြီး ကုမိသားစုနဲ့ ဘာမှမပတ်သတ်တော့ဘူးဆိုတာ မမေ့နဲ့။ သူ့ကို မဒမ်လို့လည်း ခေါ်ပိုင်ခွင့်မရှိတော့ဘူး။ "

ကုယျန်ရှန်းက ပိုပြီးလေးနက်သွားတဲ့မျက်ဝန်းအကြည့်တွေနဲ့ အန်တီလန်ကို ပြတ်သားစွာ ပြန်ဖြေလိုက်သည်။ ထို့နောက် အိမ်အပြင်သို့ထွက်သွားပြီး ကားထဲ၀င်ထိုင်ကာ ကုမ္ပဏီသို့ မောင်းထွက် သွားခဲ့သည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now