Unicode
"ဘယ်ကနေပြန်လာတာလဲ"
Sunghoonအိမ်ထဲဝင်ဝင်ချင်းမှောင်မဲနေရာကနေမီးတွေအကုန်လင်းလာပြီးဧည့်ခန်းထဲမှာထိုင်နေတဲ့Park Sunghoonရဲ့အမေ
"တောထဲက"
"နင်စာမေးပွဲထက်ကျပြန်ပြီလား"
"သိပြီးသားကိုမေးနေသေးတယ်Ommaကလဲ"
"Park Sunghoon ဒီစာတွေကိုသင်လာတာနင်19နှစ်သားတည်းကလေအခုပဲအသက်က150ဖြစ်နေပြီ အခုထိအဲ့စာတွေမရသေးလား"
"Ommaနောက်နေတာလား 131နှစ်လုံးလုံးသင်လာရတဲ့စာကိုကျနော်ကမမှတ်မိပဲနေမလား မေးခွန်းတောင်ကြည့်စရာမလိုဘူး မေးခွန်းနံပါတ်မြင်တာနဲ့တောင်အဖြေသိတယ်"
"အဲ့တာဆိုလဲစာမေးပွဲကိုအောင်အောင်ဖြေပါ့လားဘာလို့အမြဲစာမေးပွဲမှာနောက်ဆုံးကရေရင်တစ်ဖြစ်နေပြီး တောထဲမှာသွားနေရတဲ့အပြစ်ကိုပဲခံယူနေတာလဲ"
"ကျောင်းကပျင်းဖို့ကောင်းလို့ပါ လူတွေနဲ့စာအတူတူသင်ရတာကောင်းတာလဲမရှိဘူး လူတွေကိုသတ်လိုက်လို့လဲမရဘူး တောထဲမှာဆိုအမဲလဲလိုက်လို့ရတယ် လွတ်လဲလွတ်လပ်တယ်လေ"
"အမဲလိုက်တယ် နင်ထပ်လုပ်ပြန်ပြီလား အမဲမလိုက်ရဘူးလို့ပြောထားတယ်လေ"
"မဟုတ်ပါဘူး အဲ့နေ့ကသွေးယူဖို့မေ့သွားလို့ သမင်တစ်ကောင်လောက်ကိုသတ်လိုက်တာပါ"
"သမင်?park sunghoonနင်အမေကိုတော်တော်ပြသနာရှာတာပဲ"
"ဘယ်မှာပြသနာရှာလို့လဲအရင်ကလဲတောထဲသွားလို့သွေးမေ့ခဲ့ရင်အမဲလိုက်တာပဲဟာကို အခုမှဘာတွေလာဖြစ်နေတာလဲ"
"စာကျလာပြီ"
"စာ?ဘာစာလဲ"
"အသက်150ပြည့်သွားတဲ့vampireတိုင်းလုပ်ရမယ့်အလုပ်အတွက်အမိန့်ပေးစာ"
"အဲ့တာဘာမို့လို့လဲကျနော်ကလုပ်ရမှာလား"
"အင်းလုပ်ရမယ်"
"လုပ်ရမယ့်အမိန့်ပေးစာကျတာနဲ့တောထဲမသွားရတာအမဲမလိုက်ရတာဘာဆိုင်လို့လဲ"
"အန္တရာယ်များတယ်လုပ်ရမယ့်အလုပ်က အသက်ပါသေနိုင်တယ် ပြီးတော့အသက်150ပြည့်မယ့်vampireတွေကwerewolfရဲ့စွမ်းအားမို့လို့"
YOU ARE READING
Breathless [U+Z]
FantasyUnicode ရန်သူတွေဖြစ်တဲ့vampireနဲ့werewolfတို့ကြားကနေမထင်မှတ်ထားတဲ့ချစ်ချင်းတစ်ခု အဆုံးသတ်မှာနာကျင်ရမှာလားပျော်ရွှင်ရမှာလား Breathless Zawgyi ရန်သူတွေဖြစ်တဲ့vampireနဲ့werewolfတို့ကြားကနေမထင်မှတ်ထားတဲ့ချစ်ချင်းတစ်ခု အဆုံးသတ်မှာနာကျင်ရမှာလားပျော်ရွှင်ရမ...