Chapter-2

545 72 2
                                    

Unicode

"ကဲအတန်းသားသစ်လဲရောက်ပြီဆိုတော့သတင်းကောင်းတစ်ခုပြောစရာရှိပါတယ်"

အတန်းဆရာမရဲ့စကားကြောင့်အတန်းသားအားလုံးကစောင့်ဆိုင်းတစ်ကြီးဖြင့်

"ဘာလဲဆိုရင်ဒီအပတ်စာမေးပွဲမှာဒီအခန်းကစာမေးပွဲကျတဲ့သူSunghoonတစ်ယောက်အပြင်ဘယ်သူမှမရှိလို့ကျောင်းအုပ်ကနှစ်ဝက်၂ညအိပ်၃ရက်ခရီးကိုဒီအခန်းကလူတွေကိုပါသွားခိုင်းပါမယ်တဲ့"

"ရေးးးး"
အမြဲစာမေးပွဲကျတဲ့လူဦးရေများလို့ကျောင်းကထွက်တဲ့ခရီးတိုင်းမထွက်ရတဲ့3.5ဒီတစ်ခါတော့ခရီးထွက်ခွင့်ရမယ်ဆိုလို့အကုန်ပျော်ပြီးထအော်ကြပါသည်

"တိတ်မယ် အဲ့တာကြောင့်မနက်ဖန်မိဘရဲ့ခွင့်ပြုစာယူလာဖို့မမေ့နဲ့နော် ခွင့်ပြုစာမပါရင်သွားလို့မရဘူး"

ဆရာမစကားအဆုံးရုတ်တရတ်လက်ထထောင်လိုက်တဲ့jake

"ကျနော်ကဒီမှာတစ်ယောက်တည်းနေတာပါ မိသားစုက ဩဇီမှာနေတာပါ"

"ဒါဆိုရင်သားလိုက်ချင်တယ်ဆိုလိုက်ခဲ့လေသားကမိဘခွင့်ပြုချက်မယူလဲရတယ်"

ဆရာမကjakeကိုပြန်ပြောတော့စကားလဲဆုံးရော Ni-Kiက

"ကျနာ်လဲခွင့်ပြုချက်မယူလဲရတယ်မှတ်လား"

"Ni-Ki မိသားစုကဂျပန်မှာလို့မပြောနဲ့နင့်အမရှိသေးတယ်လေသူ့စီကတောင်းလာခဲ့ သိပြီလား"

"Nae"

"ပြီးတော့Park Sunghoonမနက်ဖန်မိဘခေါ်လာခဲ့"

"Nae"

"ဒါဆိုအတန်းဆင်းမယ် ခွင့်ပြုချက်စာတွေမေ့မလာနဲ့နော်"

ဆရာမထွက်သွားတော့jakeကဘေးကအိပ်ချင်ယောင်ဆောင်နေတဲ့Sunghoonကိုစိုက်ကြည့်နေမိသည် Sunghoonကတစ်ဖက်ကိုလှည့်နေပေမယ့်လဲသူ့ကိုJakeကြည့်နေတာကိုသတိထားမိပါသည်သို့သော်jakeကိုလှည့်ပြီးပြန်မကြည့်မိ

Jake Sunghoonကိုကြည့်နေတုန်းဘေးကနေjayကလှမ်းခေါ်လိုက်ပါသည်

"မင်းကjakeဟုတ်တယ်မှတ်လား"

"အင်းမင်းက"

"ငါကjay ဒါကNi-Ki သူကဂျပန်လူမျိုး"

Breathless [U+Z]Where stories live. Discover now