Arc 1: Chapter - 7

3.3K 453 5
                                    

အခန်း(၇) ကျိူးယွင်ရှန့်ဘဝ

နံနက်ငါးနာရီ ကျိူးယွင်ရှန့် နှိုးသည်နှင့်အကျင့်အတိုင်းနံဘေးမှခန္ဓာနွေးနွေးကိုဖက်လိုက်သည်။ ထိုလူ၏ဆံပင်များကရှုပ်ပွနေပြီး သူ၏ချောမောသောမျက်နှာကအေးချမ်းနေသည်။ အမြဲလိုလိုစူးရှလျက်ကြောက်စရာကောင်းသောမျက်ဝန်းတို့ကပိတ်လျှက်ရှိနေပြီး ကျိူးယွင်ရှန့်ကိုနမ်းချင်လာအောင်ဆြဲဆောင်နေသည်။

System ရဲ့ထိန်းချူပ်ခြင်းကိုခံခဲ့ရတဲ့Gayတစ်ယောက်အနေနဲ့ ကျိူးယွင်ရှန့် ၏ယခင် relationshipများကအလွန်ခက်ခဲခဲ့သည်။ တစ်စုံတစ်ယောက်ကိုချစ်ရန်အတင်းဖိအားပေးခံရပြီး ကိုယ်လက်ရင်းနှီးသည့်အလုပ်များအထိလုပ်ဆောင်ခဲ့ရသည်။ ထိုအချိန်များတွင် System ကသူ့ခန္ဓာကိုထိန်းချူပ်ထားပြီးသူ့ဆန္ဒအတိုင်းလှုပ်ရှားခွင့်မပေးခဲ့ပေ။သူနဲ့အတူနေမယ့်အစား အော်ဟစ်နေကြသော၊အသေခံရန်ကြံစည်ကြသော၊အသက်ရှင်ရန်ကုပ်ခြစ်ကြိုးစားနေကြသော မိန်းမများကိုကြုံခဲ့ရသည်။ အမှန်တကယ်က သူကသာ အော်ဟစ်ပြီး သေဖို့၊ရှင်ဖို့ကြိုးစားရင်း အ​ြခားသူတွေထက်အကြိမ်ပေါင်းမ်ားစြာသေခဲ့ရခြင်းသာ။

နာကျင်စရာအတိတ်ဟောင်းတွေကိုမောင်းထုတ်လိုက်ပြီး ကျိူးယွင်ရှန့် သူ့ဘေးမှလူ၏ ဆြဲဆောင်မှုရှိပြီးသေသပ်သောမေးရိုးအားဆွဲညစ်လိုက်သည်။ထိုနောက်အားပါပါနမ်းလိုက်၏။
သူ ့ဇနီးလေးမျက်လုံးဖွင့်သည်အချိန်၌တုရွှီလန်မှာလည်းနှိုးနေပြီးဖြစ်သည်။ သို့ပေမယ့်သူမျက်လုံးမဖွင့် သူ့ချစ်သူမွာ အကျင့်တစ်ခုရှိသည်။ အရင်နှိုးနေရင် သူ့မျက်နှာကိုအကြာကြီးစိုက်ကြည့်နေတတ်ပြီး သူကျေနပ်သွားရင်ခပ်ပြင်းပြင်းနမ်းတတ်သည်။

သူချစ်သူ၏ရုပ်ရည်ကခန့်ညားပြီးသိမ်မွေ့သည်။နှုတ်ခမ်းမှာလည်းအပြုံးသေးသေးလေးတစ်ခုအမြဲရှိနေတတ်သည်။ ဒါပေမယ့်အမှန်တကယ်ကတော့ သူသည်အရမ်းကိုမာကြောသောစိတ်ဓာတ်ရှိသူဖြစ်သည်။ ထိုအရာကပင် သူတို့၏ အချစ်လမ်းခရီးကို စစ်သူရဲတို့၏တိုက်ပွဲလို ၊ စွဲမက်စေသည် ၊ရင်ခုန်လှိုက်မောစေသည်။ တစ်ခါမြည်းစမ်းကြည့်ပြီးနောက်မတင်းတိမ်နိုင်တော့ပေ။

ဗီလိန်မာယာ (FOD Unicode) Where stories live. Discover now