ဗီလိန်နိဒါန်း

13.5K 572 16
                                    

နိဒါန်​း

​​အေးစက်​​သောဓားအသွား​ဖြင်​့လည်​တွင်​တေ့ခံထားသည်​့ အမျိူးသားတစ်​ဦးသည်​​မြေပြင်​​ပေါ်တွင်​ဒူး​ထောက်​လျှက်​ရှိ၏။ သူ၏မျက်​လုံးတို့ကနီမြန်​း​နေပြီးအမုန်​းတရားများနှင်​့ပြည်​့လျှံ​နေသည်​။

တစ်​ဖက်​မှမတ်​တပ်​ရပ်​​နေသူကား အနက်​​ရောင်​ဝတ်​ရုံကိုဝတ်​ဆင်​ထားပြီး​ချော​မောခန်​့ညား​သောရုပ်​ရည်​ရှိသည်​။သို့​သော်​သူ့နှုတ်​ခမ်​းတို့ကတွန်​့​ကွေးလိုက်​စဉ်​ အင်္သချေတိုင်သော ယုတ်​မာခြင်​းတို့​ပေါ်လာ​လေသည်​။သူ၏နှလုံးသားက''သတ်​လိုက်​၊သတ်​လိုက်​''ဟု​အော်​မြည်​​နေသည်​။သို့​သော်​ဓားရိုးကိုကိုင်​ထား​သောလက်​ကလှုပ်​ရှားခြင်​းမရှိ ထိုအစား မိမိ​ရှေ့မှလူ၏မိသားစုကိုသူမည်​သို့ဖျက်​ဆီးခဲ့​ကြောင်​း၊သူ့မိဘနဲ့​မောင်​နှမ​တွေကိုဘယ်​လိုနှိပ်​စက်​ခဲ့တဲ့အ​ကြောင်​း၊သူ့ကိုမည်​ကဲ့သို့ဆင်​းရဲပင်​ပန်​း​အောင်​နှိပ်​ကွပ်​ခဲ့သည်​့အ​ကြောင်​းများကသာတစ်​​ကျော့ပြန်​လာသည်​။

"​စောက်​ပို​တွေ​ပြောမ​နေနဲ့​တော့!အခုသူ့ကိုသတ်​လိုက်​​တော့!" ထိုလူ​ချော၏စိတ်​ကသူ့ကိုအပြင်​းအထန်​​အော်​ဟစ်​​နေ​လေ၏။

သူ့ဓားသူပြန်​လည်​ထိန်​းချူပ်​လို့ရသွားချိန်​ ၊ ​သေဆုံးနှင်​့ပြီးလှုပ်​ရှားခြင်​းမရှိသင်​့​သောအမျိူးသမီးကရုတ်​တရပ်​ ဓား​မြှောင်​နှင်​့သူ့နှလုံးရှိရာတည်​့တည်​့သို့ထိုးစိုက်​လိုက်​​လေသည်​။ သူ မယုံကြည်​နိုင်​ပဲ​နောက်​ကိုဖြည်​းဖြည်​းချင်​းလှည်​့ကြည်​့မိသည်​။ သူ့မျက်​လုံးတို့ကအချစ်​၊အမုန်​းနှင်​့ မဖြစ်​ချင်​သည်​့ဆန္ဒများ​ကြောင်​့မဲ​မှောင်​​နေသည်​။

"ကျွန်​မ​တောင်​းပန်​ပါတယ်​''

ကာလရှည်​စစ်​ပွဲတစ်​ခုဟာ​နောက်​ဆုံး​တော့ပြီးဆုံးခဲ့ပြီ။ဒါ​ပေမယ်​့ဗီလိန်​ရဲ့​သေခြင်​းက​တော့အဆုံးသတ်​မဟုတ်​ပါဘူး။ဒါဟာကအရာအားလုံးကိုပြန်​စတင်​မယ်​့အစပါပဲ။

​သေသင်​့ သော လူသားဟာအခု​တော့ ကြယ်​ပင်​လယ်​မှာမတ်​တပ်​ရပ်​လျှက်​ရှိ​နေသည်။သူ့အနက်​​ရောင်​ဝတ်​ရုံကအခု​တော့အသားကပ်​ဝတ်​စုံအဖြစ်​​ပြောင်​းလဲသွားပြီ။သူလက်​​ကောက်​ဝတ်​မှနာရီကိုကြည်​့လိုက်​သည်​။
အတိအကျ​ပြောရရင်ထိုအရာကနာရီမဟုတ်​ AIဖြစ်​သည်​။
[AI - Artificial intelligence ၊ သိပ္ပံကွန်​ပြူတာ]

ဗီလိန်မာယာ (FOD Unicode) Where stories live. Discover now