🍁Daffodils အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ ဖူးစာ

Beginne am Anfang
                                    

"ကိုယ်ကတော့မွေးနေ့ကိုမုန်းတာ."

နွေဦးတိတ်တိတ်ဆိတ်ဆိတ်နဲ့ ဆက်ပြောမယ့်စကားတွေကိုနားစွင့်နေလိုက်တယ်။မိုးပင်လယ်ရဲ့အသံက အတော်အတန်တိတ်ဆိတ်နေတဲ့ညမှာတိုးညှင်း အက်ရှပြီးထွက်လာတယ်။နီးကပ်နေတဲ့အနေအထား​ကတစ်ယောက်ရဲ့အသက်ရှုသံကိုတောင်တစ်ယောက်က ကြားနေရတယ်။

"အစကတော့ မမုန်းပါဘူး..ကိုယ်ချစ်တဲ့သူကိုယ့်ကိုအချစ်ဆုံးလို့ထင်တဲ့သူက ကို်ယ့်မွေးနေ့မှာ အခြားလူဆီထွက်သွားတယ်...မင်းသိလား..အရမ်းနာကျင်ရတာပဲ..အဲ့နေ့ထဲကကိုယ်မွေးနေ့ဆို လုံးဝမေ့ထားလိုက်တော့တာပဲ"

"ဘယ်သူလဲ..."

မိုးပင်လယ်ကအသက်ကိုဝအောင်ရှုလိုက်ကာအံကြိတ်ပြီးတိုးတိုးလေးပြောတယ်။တိုးပေမဲ့လဲအသံကတော့မဆိုစလောက်တင်းမာနေတယ်။

"ဖေဖေ..ကို်ယ့်ဖေဖေ...ကိုယ်နဲ့ မေမေ့ကိုထားခဲ့ပြီး အခြားမိန်းမတစ်ယောက်ဆီကိုထွက်သွားတယ်"

"ကျွန်တော်စိတ်မကောင်းပါဘူး..."

"ထားလိုက်ပါနှစ်တွေလဲကြာပြီပဲ...ခုဆို ကိုယ်တို့သားအမိလဲကိုယ့်ဟာကိုယ်ရပ်တည်နိုင်နေပြီ...ဒါပေမဲ့ ကိုယ်သိချင်တာတစ်ခုတည်းပဲ...နှစ်တွေအများကြီး မေမေနဲ့လက်တွဲလာခဲ့ပြီး အစထဲကမချစ်ခဲ့လို့လား...မချစ်တော့လို့လား...မချစ်ရင်အစထဲကဘာလို့ယူခဲ့ကြသေးလဲ"

"သူ့မှာလဲ သူ့အကြောင်းပြချက်နဲ့သူရှိမှာပေါ့...လူတိုင်းမှာအကြောင်းပြချက်တွေရှိြကတာပဲ...ခင်ဗျားမေးကြည့်ဖူးလား"

"ဟင့်အင်း...မျက်နှာချင်းကိုမဆိုင်ချင်လို့..မတွေ့ဖြစ်တာ အိမ်ကစထွက်သွားထဲကပဲ"

"အင်း..."

"ဒါပေမဲ့ သူတီးခဲ့တဲ့တယောကိုမြင်တိုင်း..ကိုယ်သတိရတယ်...မေမေဆိုပိုဆိုးမှာ"

"အင်း...ချစ်နေတဲ့သူလေ ပြောရတာစိတ်ကူးယဥ်ဆန်တယ်ဆိုပေမဲ့ ပိုချစ်တဲ့သူကပိုခံစားရတာပဲ"

နှစ်ယောက်လုံးသက်ပြင်းပြိုင်တူချမိတယ်။မိုးပင်လယ်က ပက်လက်ပြန်လှဲလိုက်ပြီး ကောင်းကင်ကိုကြည့်နေတယ်။ကြည့်နေတုန်းမှာပဲအလင်းတန်းလေးတစ်ခု ကြွေဆင်းသွားတော့...

?Daffodils[Complete]Wo Geschichten leben. Entdecke jetzt