"နောင်နှင်ထုတ်ရင်တော့ ကျွန်တော်သွားရမှာပေါ့.."
"သူ့ဘက်ကနှင်ထုတ်မယ်လို့ကျွန်မမထင်ဘူး..
ကိုရှင်းသန့်ကိုသူ့အိမ်မှာအမြဲနေစေချင်နေတယ်ဆိုတာကျွန်မသိတယ်...
ပြီးတော့ နောင်နောင်ကိုရှင်းသန့်ကိုချစနေတယ်ဆိုတာလည်းကျွန်မသိတယ် ဟီး...""မဖြစ်နိုင်တာ နီလာရယ်...
နောင်ကျွန်တော့်ကိုမချစ်ပါဘူး..""ဘာလို့အဲ့လိုထင်ရတာလဲ?.."
"ကျွန်တော်သိတယ် နောင်ကျွန်တော့်ကိုမချစ်ဘူး...
အမြဲတမ်းဆူတယ် ငေါက်တယ် အကောင်းတစ်ခွန်းမှမပြောဘူး ဒါပေမယ့်ကျွန်တော်အဲ့တာတွေကိုစိတ်မခုပါဘူး...
အဆိုးဆုံးက ကွမ်းစားတာ...
ကျွန်တော်မကြိုက်ပါဘူးပြောတာကိုနောင်စားတယ် ကျွန်တော့်ကိုလည်းမထင်ရင်မထင်သလိုဝါးကျွေးသေးတာ..."ရှင်းသန့်ပြောတဲ့စကားတွေကိုနားထောင်ပြီး နီလာအံ့သြသွားရသည်။ နောင်နောင်က ဒီလိုလုပ်မယ်လို့ သူမမထင်ထားပေ။
နောင်နောင်က ကွမ်းယာစားပေမယ့် အမြဲတော့မဟုတ် တခါတလေပင်။ သူများကွမ်းယာအိတ်က ကွမ်းယာလည်း သူယူမစားသလို သူအိတ်ထဲကကွမ်းယာလည်း သူမကျွေးပေ။
ကိုရှင်းသန့်ပြောပုံအရ နောင်နောင်ကသူ့ကိုဝါးကျွေးတယ်ဆိုတော့ နီလာပိုပြီးအံ့သြရသည်။ နောင်နောင့်ကိုဒီလောက်ထိညစ်ပတ်တတ်လိမ့်မယ်လို့ နီလာလုံးဝမထင်ထားပေ။နီလာတို့မသိလိုက်ရတာ အိမ်ဘေးမှာရောက်နေတဲ့လူကိုပါပဲ။ ပါးစပ်ထဲက ကွမ်းယာကိုချက်ချင်းထွေးထုတ်လိုက်ပြီး နီလာတို့ပြောနေတဲ့စကားတွေကိုရပ်နားထောင်နေသည်။
"နောင်နောင်ကအဲ့လိုကြီးလား..."
"ဟုတ်တယ် ကြက်ဥမကြိုက်ပါဘူးဆိုလည်းအတင်းပါးစပ်ထဲထည့်တယ်.."
"အဲ့တော့ ကိုရှင်းသန့်ကနောင်နောင့်ကိုမုန်းလား..."
"မမုန်းပါဘူး ကျွန်တော်မကြိုက်တာကိုမလုပ်စေချင်ရုံလေး...
ဒါပေမယ့် နောင်ကကျွန်တော်အရွဲ့တိုက်ပြီး ကျွန်တော်မကြိုက်တာကိုဆက်လုပ်နေဦးမယ်ဆိုတာကို ကျွန်တော်သိနေတယ်...""သူက ဒီတိုင်းကြိုက်လို့စားတာနေမှာပါ...
ကိုရှင်းသန့်ထင်သလိုမဟုတ်လောက်ပါဘူး...""ကျွန်တော်ကတော့အဲ့လိုမထင်ဘူး..."
"အဟမ်း အဟမ်း.."
နီလာနဲ့ရှင်းသန့် စကားပြောနေရင်း ချောင်းဟန့်သံကြားလို့လှည့်ကြည့်မိတော့ခမောက်ကို တိုင်မှာချိတ်ပြီး လွယ်အိတ်ကိုပါတခါတည်းချိတ်ကာ အိမ်ထဲဝင်လာတဲ့နောင့်ကိုတွေ့ရသည်။
"နီလာ နင်ရောက်နေတာလား..."
"အေး ကန်စွန်းရွက်လာခူးတာ..."
"သြော် ကျော်ကြီးနဲ့တောင်တွေ့ခဲ့သေးတယ်.."
"သူ့ကိုအဲ့လိုမခေါ်နဲ့လို့နင့်ကိုဘယ်နှခါပြောရမလဲ?...
ကျော်ကြီး ကျော်ကြီးနဲ့ မုန်းလိုက်တာ...
ဟိုကလည်း အဲ့နာမည်ကိုဘယ်လိုကြိုက်နေလဲမသိဘူး ပြုံးဖြီးနေတာပဲ..""နင်မကြိုက်မှန်းသိလို့ကို တမင်ခေါ်တာ..."
နီလာ့ကိုအနိုင်နဲ့ပိုင်းပြီး ပြောသွားကာ ရေအိုးစင်မှာ ရေခပ်သောက်နေသည်။ နောင်ကအဲ့လိုပါဆို သူများမကျေမနပ်ဖြစ်အောင် သိပ်သိပ်ပြောတာ....
"ကိုရှင်းသန့် ကိုရှင်းသန့်လည်ပင်းကဘာဖြစ်တာလဲ?...
အညိုကွက်တွေအများကြီးပဲ...
ဟယ် ရင်ဘက်မှာရောပဲ...""အဟွတ် အဟွတ်.."
"ဗျာ အမ် ဘာမှမ မဟုတ်ပါဘူး..."
နီလာမကျေနပ်ချက်လက်တွေ့အကောင်အထည်ဖော်ကာ ပြောချလိုက်သည်။ နီလာစကားကိုကြားသည်နှင့် နောင်ကသောက်နေတဲ့ရေပါသီးသွားလေသည်။ ရှင်းသန့်လည်း အင်္ကျီကော်လံကိုလုံအောင်ကိုင်ထားလေသည်။
"စုန်းစုပ်တာလားမသိဘူး...
ကြည့်ရတာ -ျီးစားစုန်းလားမသိဘူး...""ဖလူး အဟွတ် အဟွတ် နီလာ!..."
နီလာ့စကားကြောင့် နောင်အရှက်ပြေထပ်သောက်နေသည့် ရေပါ အကုန်ပြန်ထွက်သွားလေသည်။ နီလာလည်း အခြေအနေမဟန်တော့သည်မို့ ကန်စွန်းရွက်အစည်းကိုယူကာ အမြန်ပြေးထွက်လာခဲ့သည်။ အနောက်ကပြောဆိုနေတဲ့နောင်ကို လစ်လျူရှုရင်းပေါ့။
"ခင်ဗျားက ဘာကြည့်နေတာလဲ?.."
ဘုမသိဘမသိနဲ့ပါ ရှင်းသန့်ကာအဟောက်ခံလိုက်ရသည်။
"ဘာမှမကြည့်ပါဘူး..."
မျက်နှာကြီးနီရဲပြီး အခန်းထဲဝင်သွားတဲ့နောင့်ကို ရှင်းသန့်နားမလည်နိုင်တော့တာမို့ ခေါင်းသာကုတ်နေသည်။
________________________________________________________
လိုချင်တာက ကွမ်းစားတာမကြိုက်ဘူးဆို ချက်ချင်းထွေးထုတ်ပြစ်တဲ့ကောင်လေးမျိုး😐🤧
28.6.2021
💙Chel💙
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️
Part-18
Start from the beginning