Jin- hok

Tae -အာ ချစ်ဖို့ကောင်းလိုက်တာ ပေး ကိုကို့ကို

Jin- ရော့

Tae- ဟင် လေးလိုက်တာ ထမင်းဗူးကြီးက

Jin- အချစ်တွေအများကြီးထည့်လာလို့ပေါ့ ဟီးဟီး

Tae -ok ok

*******************************
Tae- Kim Seok jin မင်း မင်း တောက် လာစမ်း ဒီကို မင်းဘာလုပ်တာလဲ အဲ့ဒါ

အတန်းရှေ့ဒေါသတကြီးနှင့်လာအော်သော Taehyung ကြောင့် seokjin မှာကြောက်လန့်တကြားခုံအောက်သို့ဝင်ပုန်းလေသည်.....။ namjoon နှင့်seokjin မှာ A ခန်းကဖြစ်၍ Taehyung မှာ ကျောင်းအပ်နောက်ကျ၍ Bခန်းသို့ရောက်သွားသောကြောင့်အခန်းမတူခဲ့....။သို့သော် ငယ်ငယ်ထဲကသူငယ်ချင်းတွေမို့ အမြဲတပူးပူးတတွဲတွဲပင်....။

Jin- joon ငါ ငါနေမကောင်းလို့ အိမ်ပြန်သွားတယ်ပြောလိုက်

Tae -ဘာကို လိမ်ခိုင်းနေတာလဲခုထွက်ခဲ့ ငါမြင်တယ်

Jin- ဟီး ကိုကို

Tae- မခေါ်နဲ့ အဲ့လို မင်းနဲ့ငါဒီနေ့စာရင်းအပီးရှင်းမယ်

Jin -ငါ ဘာလုပ်လို့လဲလို့

Joon -အေးလေ မင်းကလဲ သူငယ်ချင်းရော ချစ်သူရောဖြစ်နေတဲ့လူကို အဲ့လောက်အော်နေစရာလား

Tae- ငါ ဘာလို့အော်တာလဲမင်းသိရင် မင်းပါလိုက်အော်မိလိမ့်မယ်

Joon -ဟင်

Tae- ငါ့ကိုမနက်က ထမင်းဗူးပေးတယ် ငါကတော့အကောင်းထင်ပီး အားရပါးရ ဘေးကကောင်တွေကိုပါကြွားပီးဖွင့်စားမလို့လုပ်တော့ ခဲလုံးတွေဖြစ်နေတာလေ

Joon -ဟင် ဟားဟားဟား

Jin -ဟီး ကိုကိုကလဲ

Tae -အဲ့ဒါပဲဆိုငါစတာလို့ နားလည်လို့ရသေးတယ် အခု အခုဟာက

Joon -ဘာဖြစ်ပြန်တာလဲ

Tae -အဲ့ခဲလုံးတွေနဲ့အတူ Kim Taehyung နှာဘူးတဲ့ တဏှာရူးတဲ့ တောက် မင်းစဥ်းစားကြည့်စမ်း ငါဘယ်လောက်အရှက်ရမလဲလို့

Joon- ဟာ အေးလေ seokjin မင်းဘာလို့အဲ့လိုလုပ်ရတာလဲ

Jin- အီးဟီး ငါလုပ်မှာပေါ့ ဟုတ်တယ်ဘာဖြစ်လဲကွာ မကျေနပ်လို့လုပ်တာ မင်းတို့အခန်းကဆော်တွေကိုမင်းကရူပ်ရူပ်ယှက်ယှက်လုပ်နေတာကို ပြောတော့ငါ့ကိုချစ်တယ်ဆိုပီး ဟိုဆော်နဲ့နာမည်ထွက် ဒီဆော်နဲ့နာမည်ထွက်နဲ့ အဲ့ဒါကိုစောက်မြင်ကပ်လို့လုပ်တာ ဘာဖြစ်လဲ

Dog & Cat (Taejin)Waar verhalen tot leven komen. Ontdek het nu