အပိုင်း (၁၅)

Start from the beginning
                                    

" ဘေးလူရဲ့သွေးထိုးစကားနားထဲသွင်းပြီး ခင်များသိပ်ချစ်ပါတယ်ဆိုတဲ့သူရဲ့နှလုံးသားနဲ့ပြောနေတဲ့ကျနော့်စကားကိုကျဘာလို့ပြစ်ပယ်နေရတာလဲ ?"

" မင်း ဖြစ် နေ လို့ !"

မျက်စိရှေ့မှလူသား၏နှုတ်ဖျားမှတစ်လုံးချင်းစီထွက်ကျလာသည့်စကားလုံးတို့ဓားသွားတစ်ချောင်းကဲ့သို့ရင်၀ကိုစိုတ်၀င်လာသလိုပါပဲ။ခံစားချက်မဲ့စွာထိုလူသားပြောထွက်နိုင်ပေမဲ့ ထိုစကားလုံးများကိုခံနိုင်ရည်မရှိသည့်ကောင်လေးမှာတော့ သူ၏ဖြစ်တည်မှုအားတစတစနှင့်စိတ်ပျက်လာရသည်။

"မင်းဖြစ်နေလို့"ကိုမုန်းတာပါတဲ့။ထပ်ပြီးရှင်းပြနေစရာမလိုအောင် စကားလုံးလေးလုံးထဲဖြင့်အမုန်းသံသရာတို့တို့အား ထိုလူသားကဖော်ပြခဲ့သည်။မုန်းလွန်းလို့အပိုင်သိမ်းပိုင်းခဲ့ပြီးအပြစ်ကြွေစပ်ခိုင်းစေတာပါ။တခြားသောချစ်ရသူတို့လိုချစ်လွန်းလို့သိမ်းပိုက်ခဲ့ခြင်းမဟုတ်သည်ကလွဲရင် သိမ်းပိုက်ခံရခြင်းခေါက်းစဉ်ကတော့အတူတူပါပဲ။ခေါင်းစဉ်တူပြီး ဇာတ်အိမ်လွဲသွားတဲ့ပြဇာတ်တပုဒ်လိုမျိုးပါပေါ့...

" ဒီလိုလုပ်ရပ်တွေလုပ်နေတာခင်များမပင်ပန်းပေမဲ့ ကျနော်စိတ်တွေကတော့အရမ်းပင်ပန်းရတယ် ။ ကျနော်ခင်များချစ်ခဲ့ရုံလေးပါ အဲ့ဒါကအဲ့လောက်ထိအပြစ်ကြီးသွားလိမ့်မယ်လို့ကျနော်မထင်ခဲ့ဘူး "

" အပြစ်ကြီးတာပေါ့ ! မင်းကြောင့်‌ မင်းကြောင့်ဆိုတဲ့ခေါင်းစဉ်တွေနဲ့အကြောင်းအရင်းတွေကိုချပြရင် ကုန်မှာတောင်မဟုတ်ဘူး "

" ဟုတ်တာပေါ့ ! အဲ့ဒီ့နေ့ကကျနော်သေသွားရမှာ ။ ကျနော်လည်းသေချင်ခဲ့တာပါပဲ ဒါပေမဲ့ တမင်လုပ်ယူခဲ့တာမှမဟုတ်ပဲ "

" တော်စမ်းပါ ! နောက်နေ့ကစပြီး ဘယ်သူနဲ့မှတွေ့ဖို့မင်းမစဉ်းစားနဲ့ "

" လွန်လိုက်တာ ! ခင်များနဲ့ကျနော်နဲ့ဘားမှမဆိုင်ပဲနဲ့ ကျနော့်ကိုလှောင်ပိတ်ထားဖို့အတွက် ကျေးဇူးပြုပြီးမကြိုစားပါနဲ့လား "

" မင်းနဲ့ငါနဲ့ကမဆိုင်ဘူးပေါ့ ! လာခဲ့ ဆိုင်တယ်ဆိုတာမင်းသိအောင်ငါပြပေးမယ် "

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now