ကန်ဘောင်ရဲ့‌အရှေ့မှာ မြစ်ရှိသလို မြစ်နှင့် ကန်ဘောင်ကြားတွင်လည်း သစ်ပင်လေးများကို စနစ်တကျ စီစီရီရီ စိုက်ပျိုးထားရှိ ထားပါသေးသည်။ ကန်ဘောင်ရဲ့ဘေး ခုံ‌တန်းလေးတွေရဲ့အနောက်တွင်လည်း ကလေးများကစားရာ ဘတ်စကက်ဘောကွင်း ရှိသလို ဘတ်စကက်ဘောကွင်းရဲ့ နံဘေးတွင်တော့ ကလေးကစားကွင်းနှင့် လေ့ကျင့်ခန်း လုပ်လို့ရသည့် နေရာလေးတစ်ခု ရှိပေသည်။

ကန်ဘောင်းအတိုင်း လမ်းဆက်လျှောက်သည့်အခါ မြစ်ကမ်းနဖူးပေါ်တွင် ရှုခင်းဧရာ အကြော်ဆိုင်လေးတစ်ခုရှိသည်။ ရှူခင်းဧရာလို့ ခေါ်ရခြင်းက ရှူခင်းဧရာ တည်ခိုခန်းရဲ့ဘေး မြစ်ကမ်းနဖူးပေါ်တွင် တည်ရှိနေခြင်းကြောင့်ပင်။

ထိုဆိုင်လေးက ညနေဘက်တွင်သာ ရောင်းချပြီး လူကြိုက်များလွန်းလှသည့် ဆိုင်လေးဖြစ်သည်။ ညနေဆိုလျှင် ထိုဆိုင်လေးသို့ လာရောက်စားသုံးကြသည့် လူအများအပြားရှိပေသည်။ ထိုဆိုင်လေးတွင် ဘူးသီးကြော်၊ ဘယာကြော်၊ အာလူးကြော်၊ ပုဇွန်ကြော်၊ ပြောင်းဖူးကြော် စသည့် အကြော်စုံများလည်း ရရှိနိုင်သလို ခရမ်းချဉ်သီး အစာသွပ်၊ လက်ဖက်ထမင်း၊ ကြာဇံချက် များလည်း ရရှိပါသည်။ ခရမ်းချဉ်သီး အစာသွပ်ကတော့ ထိုဆိုင်လေး၏ နာမည်ကြီး အစားအစာဖြစ်သလို လူကြိုက်များသည့် အစားအစာဆိုလည်း မမှားပေ။

ထို‌အ‌ကြော်ဆိုင်လေးကနေ ရှေ့ဆက်လျှောက်သွားလျှင် ဦးပါးရဲစေတီတော်နှင့် မျက်နှာချင်းဆိုင် မြစ်ကမ်းနဖူးပေါ်တွင် တည်ရှိသည့် မြို့သူကြီးစေတီတော် ရှိပါသည်။ မြို့သူကြီးစေတီတော်တွင် တန်ခိုကြီးလွန်းလှသည့် နှီးဘုရားရှိသည်။ ဟိုးယခင်က ထိုဘုရားသို့ တောတွင်းဆင်များ လာရောက်ဖူးမြှော်ခဲ့ကြသည့်အကြောင်း‌ ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်း သတင်းစာများတွင် ဖော်ပြခဲ့ဖူးသည်။

မြို့သူကြီးစေတီတော်တွင်လည်း ဦးပါရဲစေတီတော်ကဲ့သို့ ဘုရားဖူးရင်း လာရောက် စိတ်အပန်းဖြေသူများလည်း ရှိကြသည်။ ထိုစေတီတော်တွင်လည်း ဈေးဆိုင်များရှိသလို စေတီတော်၏ဘေး မြစ်တစ်ဖက်ကမ်းတွင်လည်း ဦးပါရဲစေတီတော်ကဲ့သို့ပင် ဈေးဆိုင်လေးတစ်ခု ရှိပါသေးသည်။ မြို့သူကြီးစေတီတော်သည်လည်း ဟင်္သာတမြို့၏ တန်ခိုးကြီးစေတီတော်များထဲက စေတီတော်တစ်ဆူဖြစ်ပြီး အထင်ကရ နေရာတစ်ခုလည်း ဖြစ်ပေသည်။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now